ကူးစက်ရောဂါတွေဖြစ်ပွားလျက်ရှိတဲ့ အခုလိုရာသီမျိုးမှာ ကိုယ်ခံအားကောင်းနေဖို့ အရမ်းကိုအရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းရင် တော်ရုံကူးစက်ရောဂါပိုးများခန္ဓာကိုယ်တွင်း ဝင်ရောက်နိုင်မှာမဟုတ်သလို ဖျားနာခြင်းတွေမှလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းလုပ်ဆောင်သင့်တဲ့ ကိုယ်ခံအားကောင်းမွန်စေမယ့် အလေ့အကျင့်ကောင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) လုံလောက်စွာအိပ်စက်အနားယူပါ

Source : Shutterstock

လူတစ်ယောက်ကိုယ်ခံအားကောင်းစေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်က ပြည့်ပြည့်ဝဝအိပ်စက်အနားယူခြင်းပဲဖြစ်ပါတယ်။အိပ်စက်ခြင်းက ခန္ဓာကိုယ်မှကုန်ခမ်းသွားတဲ့အားအင်းတွေကိုပြန်လည်ဖြည့်တင်းပေးပြီး လန်းဆန်းတက်ကြွစေမှာဖြစ်ပါတယ်။ ညဘက်တွေမှာ လုံလောက်စွာအိပ်စက်အနား ယူမယ်ဆိုရင် ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေပြီးဖျားနာခြင်းကင်းဝေးကာ ကျန်းမာသန်စွမ်းခြင်းတွေကို ရရှိစေမှာဖြစ်ပါတယ်။

(၂) ဆေးလိပ်သောက်ခြင်းရှောင်ကျဉ်ပါ

Source : Shutterstock

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကိုအဆိုးရွှားဆုံးထိခိုက်စေပြီး ကိုယ်ခံအားကိုယ်လည်းကျဆင်းစေပါတယ်။ကိုယ်ခံအားကျဆင်းလာတာနဲ့အမျှ ရောဂါပိုးမွှားများအလွယ်တကူကူးစက်နိုင်ဖို့ ရာခိုင်နှုန်းပိုများလာမှာဖြစ်ပါတယ်။ဆေးလိပ်ကိုစွဲစွဲမြဲမြဲသောက်သုံးမိရင် အဆုတ်ကင်ဆာ လည်ချောင်းကင်ဆာစတဲ့ရောဂါတွေလည်းဖြစ်ပွားနိုင်တာကြောင့် အတက်နိုင် ဆုံးဆေးလိပ်သောက်ခြင်းကိုရှောင်ကျဉ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၃) အဟာရပြည့်ဝစွာစားသုံးပါ

Source : Shutterstock

ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ် သတ္တုဓာတ်တွေကို အစာအဟာရတွေမှတစ်ဆင့် ရရှိတာဖြစ်ပါတယ်။အဟာရဓာတ်ပြည့်ဝစွာ စားသုံးခြင်းက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတာကြောင့် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ အသားငါးဟင်းသီးဟင်းရွက် အစေ့အဆံများ ပဲအမျိုးအမျိုး ကျန်းမာတဲ့အဆီဓာတ်စသည်ဖြင့် အဟာရမျှတစွာစားသုံးပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေမှာဖြစ်ပါတယ်။

(၄) အားကစားပုံမှန်လုပ်ဆောင်ပါ

Source : Shutterstock

ကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ အရေးကြီးဆုံးက နေ့ စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဖို့ဖြစ်ပါတယ်။ နေ့စဉ်အားကစားလုပ်သူ တွေဟာ ခန္ဓာကိုယ်ကျန်းမာကျန်းမာကြံ့ခိုင်ပြီး သက်ရှည်ကျန်းမာစေပါတယ်။စိတ်ဖိစီးမှုတွေကိုလည်းလျော့ကျစေတာကြောင့် အရွယ်တင်နုပျိုမှုတွေကို ရရှိပိုင်ဆိုင်စေကာ ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးမှာဖြစ်ပါတယ်။ဒါကြောင့် တစ်ရက်ကိုအနည်းဆုံး ၄၅ မိနစ်ခန့်အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်ဆောင်သင့်ပါတယ်။

Reference Source : https://www.everydayhealth.com/columns/white-seeber-grogan-the-remedy-chicks/ten-simple-natural-ways-to-boost-immune-system/?fbclid=IwAR3wRroKPZC3ghk9IWUnCz7eSHlJXvvh2pmEv1LTS4ve2R9t7T5d2uCCYR0