နာတာရှည် မောပန်းလက္ခဏာဟာ အချိန် ခြောက်လထက်ပိုပြီး ကြာရှည်စွာ ခံစားရတဲ့ မောပန်းဝေဒနာတစ်ခုဖြစ်ပါတယ်။ ဒီလိုမောပန်းခြင်းကို ကုသဖို့မကြိုးစားဘူးဆိုရင်တော့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးတွေအပေါ်မှာ ဆိုးရွားတဲ့ သက်ရောက်မှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။

သူ့ရဲ့ ကနဦးအစကတော့ ဖျားနာခြင်းကနေ စပြီးဖြစ်လာကာ လက္ခဏာတွေအနေနဲ့တော့ ညဖက်ချွေးထွက်ခြင်း၊ ကြက်သီးထခြင်း၊ ခေါင်းကိုက်ခြင်း၊ မေ့လွယ်ခြင်း၊ အာရုံစူးစိုက်မှုအားကျလာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းတို့ပဲဖြစ်ပါတယ်။

ဂျင်ဆင်း

Source: pennherb.com

ကုန်ဆုံးသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့နဲ့ မူးဝေခြင်းကို တိုက်ဖျက်ရန် အာရှတစ်ခွင်မှာ နှစ်ပေါင်းများစွာအသုံးပြုလာတဲ့ သဘာဝဆေးတစ်ခုဖြစ်ပါတယ်။

အနားယူပါ

Source: kcbi.org

များများအိပ်ပါ။ တစ်ပတ်မှာတစ်ရက်လောက်ဖြစ်ဖြစ် အိပ်ချိန်များများပိုရအောင် ကြိုးစားပါ။ ပြီးရင်တစ်နေ့လုံး တတ်နိုင်သမျှ အနားယူပါ။ တစ်ချိန်တည်းမှာပဲ လေ့ကျင့်ခန်းလေးတွေလည်း လုပ်ပေးပါ။

လန်းဆန်းစေတဲ့ Stimulants တွေရှောင်ပါ

ဆေးလိပ်၊ အရက်၊ ကဖင်းဓာတ်တွေကို ရှောင်ရှားပါ။ ဒီလိုအရာတွေကို သုံးစွဲခြင်းက ညဖက်တွေမှာ အိပ်လို့မရအောင်ပြုလုပ်နိုင်ပါတယ်။ အိပ်ရာမဝင်ခင် လေးနာရီမတိုင်ခင်မှာ လေ့ကျင့်ခန်းပြုလုပ်ပေးမယ်ဆိုပါက နှစ်ခြိုက်စွာအိပ်ပျော်စေမှာဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ဆရာဝန်များရဲ့ တိုက်တွန်းချက်များအရ ကြက်သွန်ဖြူနှစ်မြွှာကို နေ့စဉ်မှန်မှန်စားသုံးပေးခြင်းက နာတာရှည်မောပန်းခြင်းကို သဘာဝအတိုင်း ကုသပေးနိုင်ပါတယ်။

ရေများများသောက်ပါ

အကယ်လို့ ကိုယ်က နာတာရှည်မောပန်းမှုကို ခံစားနေရပြီဆိုပါက ရေများများသောက်ပေးဖို့ အလွန်အရေးကြီးပါတယ်။ ရေလုံလုံလောက်လောက်သောက်သုံးခြင်းမရှိပါက မူးဝေမောပန်းခြင်းကို ဖြစ်လာစေနိုင်ပါတယ်။