ခေါင်းကိုက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတမျိုးပါ။

Headache1

မကြာခဏခေါင်းကိုက်တာမျိုးဖြစ်လို့ အကိုက်အခဲပျောက်ဆေးပဲ ခဏခဏသောက်ပေးလို့ အဆင်မပြေနိုင်ပါဘူး။ သဘာဝနည်းလမ်းလေးကို စဉ်းစားကြရအောင်ပါ။

နည်းလမ်း ၁

cinnamonforheadache

သစ်ကြမ်းပိုးခေါက်မှုန့်

ရေ

သစ်ကြမ်းပိုးခေါက်မှုန့်ကို ရေအနည်းငယ်ရောပြီး ပျစ်ပျစ်လေးဖြစ်အောင် လုပ်ပါ။ ပြီးရင် နဖူးပြင်ကနေ နားထင်ထိ လိမ်းပေးပါ။ ပြီးရင် နာရီဝက်လောက်ထားပေးပါ။ အဲဒီလိုလိမ်းထားတဲ့အချိန်မှာ လှဲနေပေးပါ။ ပြီးရင် ရေနွေးနဲ့ ရေဆေးချပါ။

နည်းလမ်း ၂

applecidervinegarheadache

ရှာလကာရည်

ရေ

ပန်းသီးရှာလကာရည်ကို ရေခွက်တစ်ဝက်နဲ့ရောပြီး ဆူအောင်သည်ပါ။ ပွက်ပွက်ဆူလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အဲဒီအငွေ့ကို ရှုပေးပါ။ သိပ်မကြာခင်မှာ ခေါင်းကိုက်သက်သာသွားပါလိမ့်မယ်။