အိပ်စက်ချိန်မှာ ဟောက်တဲ့ပြဿနာဟာဆိုရင် အရွယ်ရောက်ပြီးသား လူဦးရေ ၄၅ ရာခိုင်နှုန်းအပေါ်မှာ သက်ရောက်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်လာရတာပါ။ ဟောက်ခြင်းဟာ စိုးရိမ်ရလောက်တဲ့ ပြဿနာဖြစ်နိုင်တာကြောင့် အကယ်လို့ ကိုယ့်ရဲ့ လက်တွဲဖော်ကလည်း ဟောက်တတ်သူဆိုရင်တော့ အခုပြောပြပေးမယ့် နည်းလမ်းလေးတွေကို သေချာဖတ်ထားဖို့တော့လိုပါလိမ့်မယ်။

နနွင်း

နနွင်းမှာပါဝင်တဲ့ Antibiotic နှင့် Antiseptic အစွမ်းသတ္တိတွေကြောင့် ပြင်းပြင်းထန်ထန်ဟောက်ခြင်းတွေအတွက် အထူးသက်ရောက်မှုတွေရှိပါတယ်။

နနွင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို နွားနို့နွေးနွေးတစ်ခွက်ထဲထည့်ကာ ပျော်သွားတဲ့အထိ သေချာမွှေပါ။ ညအိပ်ရာမဝင်ခင် မိနစ် ၃၀ အလိုမှာ သောက်သုံးပေးပါက ဟောက်တာကို သက်သာစေမှာဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ဟင်းချက်ရာမှာဖြစ်စေ၊ ဆေးဝါးအနေနဲ့ဖြစ်စေ ရာစုနှစ်ပေါင်းများစွာတိုင်အောင် အသုံးပြုလာကြတဲ့ ကြက်သွန်ဖြူဟာဆိုရင် ကျန်းမာရေးဆိုင်ရာ ရောဂါတွေ၊ ခံစားမှုတွေကို ကုသပေးနိုင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။

ဒါ့အပြင် ကြက်သွန်ဖြူကိုမှန်မှန်စားသုံးပေးပါက ကင်ဆာဖြစ်မှာကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။ ဒီလိုအစွမ်းထက်တဲ့ ကြက်သွန်ဖြူ နှစ်မြွှာကို ပါးစပ်ထဲထည့်ဝါးကာ ရေသောက်ပေးပါ။ မှန်မှန်ပြုလုပ်ပေးပါက ညဖက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေပြီး ဟောက်တာကိုလည်း တားဆီးပေးပါတယ်။

ပျားရည်

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ပျားရည်ပဲဖြစ်ပါတယ်။ ပျားရည်က လည်ချောင်းကို ရှင်းလင်းစေတာကြောင့် ဟောက်ခြင်းကို သက်သာစေပါတယ်။

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေးပူပူတစ်ခွက်ထဲထည့်ဖျော်ကာ သေချာမွှေပြီးရင် ညအိပ်ယာမဝင်ခင်သောက်သုံးပေးပါ။ မှန်မှန်သောက်သုံးပေးပါက ညအိပ်နေစဉ်ဟောက်စေတော့မှာ မဟုတ်ပါဘူး။

ပဲနို့

ပဲနို့ဟာဆိုရင်လည်း ညအိပ်စဉ် ဟောက်တာကို သက်သာစေမှာဖြစ်သလို အမြဲသောက်သုံးပေးမယ်ဆိုရင်တော့ လုံးဝမဟောက်တော့အောင်ကို ဆောင်ရွက်ပေးနိုင်မယ့် ဖျော်ရည်တစ်မျိုးပါပဲ။ ဒါကြောင့် နေ့စဉ်မသောက်သုံးချင်ရင်တောင် တစ်ပတ်လျှင် အနည်းဆုံး ၃ ကြိမ်မှ ၄ ကြိမ်လောက်တော့ သောက်သုံးပေးလိုက်ပါ။

ငါး

နောက်ဆုံးနည်းလမ်းတစ်ခုကတော့ ငါးစားသုံးခြင်းပါပဲ။ အနီရောင်ရှိတဲ့ အသားတွေကို တစ်ပတ်အတွင်း အလွန်အကျူး စားသုံးခြင်းက နှာခေါင်းအသက်ရှူလမ်းကြောင်းကို ရောင်ရမ်းစေသည့်အတွက် ညအိပ်သည့်အခါ ဟောက်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ချစ်ဇနီးကို အနှောင့်အယှက်မဖြစ်စေဖို့အတွက် အနီရောင်အသားများ စားသုံးမှုကို ကန့်သတ်လိုက်ပြီး အိုမီဂါသရီးရှိတဲ့ ငါးတွေကို ပြောင်းစားပေးပါ။