ခြင်ကိုက်ခံရတဲ့အခါမှာ ကိုက်ခံရတဲ့ နေရာက တခါတလေ အရမ်းယားပြီး ဖောင်းလာတတ်ပါတယ်။ ခြင်ကိုက်ဒဏ်ရာတွေမှာ လိမ်းနိုင်မယ့် သဘာ၀ ဆေးနည်းကို မိတ်ဆက်ပေးချင်ပါတယ်။

ရှာလကာရည်

Source: Healthline

ခြင်ကိုက်ခံရလို့ ဖောင်းနေတဲ့ နေရာကို ရှာလကာရည်အနည်းငယ်လောက် သုတ်လိမ်းပေးထားပါ။

တစ်ကိုယ်လုံးအများကြီး ကိုက်ခံထားရတယ်ဆိုရင် ရေချိုးကန်ထဲမှာ ရေနွေးပူပူလေးထည့်ထားကာ ရှာလကာရည် ၂ ခွက်ခွဲလောက်ထည့်ပြီးစပ်ကာ ချိုးလိုက်ပါ။ ဖြစ်နိုင်ရင် organic ပန်းသီး ရှာလကာရည်ကို သုံးပါ။

ရှားစောင်းလက်ပတ်

Source: Medical News Today

ရှားစောင်းလက်ပတ်ကလည်း ခြင်ကိုက်ဒဏ်ရာတွေအတွက် အသုံးဝင်တဲ့ သဘာ၀ ဆေးနည်းဖြစ်ပါတယ်။ ခြင်ကိုက်လိုက် ယားပြီး ဖောင်းနေတာကို သက်သာစေရုံသာမက ခြင်ကိုက် ဒဏ်ရာကိုပါ ပျောက်ကင်းစေပါတယ်။ ရှားစောင်းလက်ပတ်အပင်ကနေ တိုက်ရိုက် ရှားစောင်းလက်ပတ်အနှစ်ကို ယူပြီး လိမ်းလိုက်ပါ။

ဆပ်ပြာ

Source: Psychologies

ခြင်ကိုက်လို့ယားနေရင် ရေမစွတ်ထားတဲ့ ဆပ်ပြာတုံးက ဆပ်ပြာ နည်းနည်းယူပြီး ပွတ်လိုက်ပါ။ ယားတာ သက်သာသွားပါလိမ့်မယ်။ ယားတာ သက်သာသွားရင်တော့ ရေဆေးချလိုက်ပါ။

မုန့်ဖုတ်ဆိုဒါနဲ့ ရေ

Source: Dental BLU

မုန့်ဖုတ်ဆိုဒါကို ရေနဲ့ ရောပြီး ပြစ်ပြစ်လေး ဖျော်လိုက်ပါ။ ကိုက်ခံထားရလို့ ယောင်နေ ဖောင်းနေတဲ့နေရာကို လိမ်းပေးလိုက်ပါ။ လိမ်းပြီးရင် ယားတာ၊ ယောင်တာတွေ သက်သာတာကို တွေ့ရပါလိမ့်မယ်။

ကြက်သွန်နီ

Source: Healthline

ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး ခြင်ကိုက်သွားတဲ့နေရာမှာ မိနစ် အနည်းငယ် ကပ်ထားပေးပါ။ ကြက်သွန်နီကို ခွာပြီး ကပ်ထားတဲ့နေရာကို ရေပြန်ဆေးပါ။

သွားတိုက်ဆေး

Source: Wikipedia

ခြင်ကိုက်ခံရတဲ့ ဒဏ်ရာကို အလျင်အမြန် သက်သာစေချင်ရင် သွားတိုက်ဆေးကို ဒဏ်ရာပေါ်မှာ အုံထားပေးပါ။ ချက်ခြင်းယားတာရော ရောင်တာပါ သက်သာသွားပါလိမ့်မယ်။ သွားတိုက်ဆေးကို ခြောက်တဲ့အချိန်အထိ ခဏလောက်ထားထားပေးပါ။

Featured Image Source: The Active Times