အာခံတွင်းနဲ့ သက်ဆိုင်တဲ့ ခံတွင်းနံ့ဆိုးခြင်းဟာ ပါးစပ်ခြောက်ခြင်း၊ သွားဖုံးရောဂါများ၊ လေလမ်းကြောင်းပိတ်ဆို့ခြင်း၊ အနံ့ပြင်းတဲ့ အစားအစာ စားသုံးခြင်း၊ ပါးစပ်တွင်း ဘက်တီးရီးယားများ စုဝေးလာခြင်း၊ စိတ်ဖိစီးမှုများခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်ပေါ်လာရခြင်းပါ။

ခံတွင်းနံ့ဆိုးခြင်းရဲ့ လက္ခဏာတွေကတော့ အာခြောက်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးကူးစက်ခြင်း၊ သွားဖုံးတွင်း သွေးယိုခြင်း၊ သွားဘက်ဆိုင်ရာ သန့်ရှင်းရေးအားနည်းခြင်းတို့ပဲဖြစ်ပါတယ်။

ဒီလိုပြဿနာဟာ လူတိုင်းမကြာမကြာ ကြုံတွေ့ရလေ့ရှိပြီး စိုးရိမ်ရလောက်တဲ့ ရောဂါကြီးမဟုတ်တာကြောင့် လွယ်လွယ်ကူကူ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Source: befantastico.com

မုန့်ဖုတ်ဆိုဒါ

Source: Healthline

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးနွေးတစ်ခွက်နဲ့ရောမွှေလိုက်ပါ။ အမှုန့်တွေအားလုံး ပျော်ဝင်သွားပြီဆိုပါက ပလုတ်ကျင်းပေးလိုက်ပါ။ တစ်နေ့လျှင် မကြာမကြာလုပ်ပေးပါက အနံ့ဆိုးစေတဲ့ ခံတွင်းထဲက ဘက်တီးရီးယားတွေကို သေစေနိုင်မှာဖြစ်ပါတယ်။

သစ်ကြံပိုးခေါက်

Source: Gourmosa

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံတို့ကို ၈ အောင်စရှိတဲ့ ရေထဲမှာရောပြီး အားလုံးပျော်သွားတဲ့အထိ မွှေပေးပါ။ ရလာတဲ့ ဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုပါက ခံတွင်းနံ့ဆိုးရွားခြင်းကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

ပန်းသီးရှာလကာရည်

Source: Natural Living Ideas

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးနွေး တစ်ခွက်ထဲရောလိုက်ပြီး သေသေချာချာမွှေပေးပါ။ ပြီးရင်တော့ ပါးစပ်အနှံ့ရောက်အောင်လို့ မိနစ်အနည်းငယ်လောက် သေချာပါးလုပ်ကျင်းပေးလိုက်ပါ။ တစ်ခုမှတ်သားထားရမှာက ခံတွင်းထဲကရေတွေကို မထွေးထုတ်ဘူးဆိုပါက အာခံတွင်းနံ့နံတာက ပိုပြီးဆိုးသွားနိုင်ပါတယ်။

ပျားရည်

Source: Life Advancer

ပန်းကန်လုံးတစ်ခုယူလိုက်ပြီး ပျားရည်၊ ပန်းသီးရှာလကာရည်၊ ရေတို့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီထည့်ကာ သေချာမွှေပေးပါ။ ပြီးရင်တော့ ရလာတဲ့အနှစ်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာယူပြီး သောက်သုံးပေးပါ။ တစ်နေ့လျှင် ၃ ကြိမ်မှ ၄ ကြိမ်အထိ သောက်သုံးပေးပါက ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေပေါက်ဖွားခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Featured Image Source: Happy Mammoth