ချွေးထွက်တယ်ဆိုတာဟာ သဘာဝဖြစ်ရပ်တစ်ခုဖြစ်ပေမယ့်လည်း ဘယ်သူမှ တစ်နေကုန်လုံးတော့ ချွေးနံ့တဖုံဖုံနဲ့ မနေချင်ကြပါဘူး။

အိမ်နေရင်းနဲ့ ချွေးထွက်လာရင် အချိန်မရွေး ရေချိုးလိုက်လို့လွယ်ပေမယ့်လည်း လူကြားသူကြားထဲရောက်နေပြီဆိုရင်တော့ တော်တော်ကို နေရထိုင်ရခက်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်လာရပါပြီ။

လူကြားထဲရောက်မှ ချွေးနံ့ထွက်လာလို့ သူများတွေနှာခေါင်းရှုံ့တာခံရတဲ့ အိမ်မက်ဆိုးကြီးကနေ လွတ်မြောက်စေမယ့် နည်းလမ်းကောင်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်ပါ။

ချွေးနံ့ပျောက်စေမယ့် နည်းလမ်းများ

နေ့ခင်းဘက်တွေမှာ ရှာလကာရည် သို့မဟုတ် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တို့ကို ချိုင်းမှာသုတ်ပေးလိုက်ခြင်းက အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သက်သာစေပါတယ်။

source: Medical News Today

မုန့်ဖုတ်ဆိုဒါ သို့မဟုတ် ပြောင်းမှုန့်တို့ကို အနံ့အသက်မကောင်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ် ဖြူးပေးလိုက်ပါ။ အစိုဓာတ်ကို စုပ်ယူသွားပြီးတော့ ဘက်တီးရီးယားတွေကို သေစေမှာဖြစ်ပါတယ်။

ချိုင်းမွှေးမှန်မှန်ရိတ်ပေးပါ။ ချိုင်းမွှေးတွေရှိခြင်းကလည်း ချွေးတွေထွက်စေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားစုဝေးလာစေနိုင်လို့ အနံ့ဆိုးတွေ ထွက်လာစေနိုင်ပါတယ်။

လာဗန်ဒါအဆီအနှစ်တွေကလည်း ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်သလို မွှေးပျံ့တဲ့သင်းရနံ့ရှိတာကြောင့် ချွေးနံ့ထွက်လေ့ရှိသူများအတွက် အထူးသင့်တော်ပါတယ်။

Source: globalk9protection.com

အချဉ်ဓာတ်ရှိတဲ့ လီမွန်သီးတွေကလည်း အသားအရေရဲ့ pH Level ကို ပြောင်းလဲစေတာကြောင့် အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားအမျိုးအစားအားလုံးကို သေစေနိုင်ပါတယ်။ ချိုင်းမှာ လီမွန်ခြမ်းလေးပွတ်ပေးလိုက်ပြီး ခြောက်အောင်အသာလေးပုတ်ပေးလိုက်ပါ။

စားပေးရမယ့် အစားအစာများ

Source: Kupu

ဒေါက်ခွရွက်၊ ကိုက်လံတို့လို အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်များကို များများစားပေးပါ။ ခန္ဓာကိုယ်တွင်းကို အနံ့ဆိုးတွေချွတ်ပေးတဲ့ Chlorophyll ဓာတ် ကြွယ်ဝစွာပါဝင်နေပါတယ်။

Anti-odour Properties များပါဝင်တဲ့ နံနံပင်ကို ဒီအတိုင်းစားတာဖြစ်စေ ရေနွေးကြမ်းအဖြစ်သောက်သုံးတာဖြစ်စေ ပြုလုပ်ကာ သုံးစွဲပေးနိုင်ပါတယ်။

Featured Image Source: infosalus.com