ပန်းနာရင်ကြပ်ဆိုတဲ့ရောဂါဟာ ပေါ့သေးသေးယူဆရတဲ့ ရောဂါမဟုတ်ဘဲ ဆရာဝန်နဲ့သေချာပြသ တိုင်ပင်ဆွေးနွေးသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်း၊ လေအေး သို့မဟုတ် လေခြောက်တွေတိုက်ခြင်း၊ မှိုတွေ၊ ဝတ်မှုန်တွေ သို့မဟုတ် ဖုန်မှုန့်တွေက အသက်ရှုလမ်းကြောင်းတွင်း ဝင်သွားတဲ့အခါမှာ ယားယံခြင်းကိုဖြစ်လာစေပြီးတော့ ထိုမှတဆင့် အသက်ရှုကြပ်ခြင်းကို ဖြစ်လာစေပါတယ်။

ရောဂါဖောက်လာပြီဆိုရင် ချောင်းဆိုးပြီးတော့ ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ်ကြီးဖြစ်လာကာ အသက်ရှူရတာလည်း အင်မတန်ကြပ်လာပါတော့တယ်။

Source: Daily Express

ဒီလိုအချိန်မှာ ပန်းနာရင်ကြပ်သမားတွေ ဆောင်ထားလေ့ရှိတဲ့ ရှူဆေးဘူးကို အသုံးပြုပါမှ ခံစားနေရတဲ့ ဝေဒနာက သက်သာသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဆောင်ထားလေ့ရတဲ့ ရှူဆေးဘူးက ကိုယ့်အနားမှာမရှိတဲ့အခါ၊ ကုန်နေတဲ့အခါတွေမှာ ရောဂါဖောက်လာခဲ့ပါက အသက်ရှူရတာ လွယ်ကူစေဖို့အတွက် ကူညီပေးမယ့် အိမ်တွင်းနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ဖြေးညှင်းစွာအသက်ရှူပါ

Source: wikiHow

ပန်းနာရင်ကြပ်ရောဂါဖောက်လာပြီဆိုပါက ပျာယာခတ်မသွားဘဲ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။ စိတ်ဂယောက်ဂယက်ဖြစ်သွားခြင်းက ခံစားလာရတဲ့ရောဂါကို ပိုပြီးဆိုးရွားသွားစေနိုင်တာကြောင့် ရောဂါဖောက်လာပါက မျက်လုံးမှိတ်လိုက်ပါ။ အသက်ရှူသွင်းရှူထုတ်ကို ဖြေးဖြေးနဲ့ မှန်မှန်ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို နှစ်ကြိမ်ထက်ပိုပြီးပြုလုပ်ကာ မျက်လုံးဖွင့်ပေးလိုက်ပါ။

ပန်းနာရင်ကြပ်ရောဂါအတွက် ဘာတွေစားပေးရမလဲ

အိုမီဂါသရီးဖက်တီးအက်စစ်

Source: Medical News Today

တူနာငါး၊ ဆယ်လ်မွန်ငါးနှင့် ငါးကွမ်းရှမ်းတို့လို အဆီများတဲ့ငါးတွေမှာ တွေ့ရလေ့ရှိတဲ့ အိုမီဂါသရီးဖက်တီးအက်စစ်ဟာ ပန်းနာရင်ကြပ်ရောဂါသည် များအတွက် အမှန်တကယ်အစွမ်းထက်ပါတယ်။ လေလမ်းကြောင်းတွေမှာ ရောင်ရမ်းမှုကိုဖြစ်စေနိုင်တဲ့ ခန္ဓာကိုယ် Compounds တွေကို ရပ်တန့်သွားစေနိုင်ပါတယ်။

နနွင်း

Source: Medical News Today

ဟင်းတွေချက်တဲ့အခါမှာ ထည့်သွင်းအသုံးပြုလေ့ရှိတဲ့ နနွင်းမှုန့်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းယူကာ နွားနို့နွေးနွေးလေးတစ်ခွက်ထဲထည့်ပြီး တစ်နေ့သုံးကြိမ် သောက်သုံးပေးခြင်းကလည်း ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ်။

ဘာတွေရှောင်ရမလဲ

  • ဆေးလိပ်မသောက်ပါနဲ့။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့လူတွေနားက ဝေးဝေးနေပါ။
  • မီးဖိုတွေနားမနေပါနဲ့။
  • ရာသီဥတုအေးတဲ့အချိန်တွေမှာ နှာခေါင်းနဲ့ပါးစပ်တစ်ဝိုက်မှာ ပုဝါပတ်ထားပါ။
  • အနံ့ပြင်းတဲ့ အစားအစာတွေကို ရှောင်ပါ။

Featured Image Source: Medical News Today