အခုပြောပြမှာက တစ်ပတ်အတွင် ပေါင်၃၀ လောက်ကျမယ်။ ၁၀ ပေါင်ကျမယ်ဆိုတဲ့ ဖျော်ရည်မျိုးမဟုတ်ဘူးနော်။ ဝမ်းဗိုက်ချပ်ချင်တဲ့သူတွေအတွက် အရသာလည်းရှိပြီး ကျန်းမာရေးနဲ့လည်းညီညွှတ်တယ်။ ပြီးတော့ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ချနေသူတွေအတွက် ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီပေးမယ့်ဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးသွားမှာပါ။

ပါဝင်ပစ္စည်း

14110710-17630260-13-0-1492593775-1492593778-650-1-1492593778-650-b7bbbb9f04-1493113263

တရုတ်နံနံပင်ရိုး ၁ ချောင်း

သခွားသီး ၁လုံး

နံနံရွက်တောက်တောက်စဉ်းပြီးသား ၁ ခွက်

နာနတ်သီး ၃ စိပ်

ပြုလုပ်နည်း

14110760-Depositphotos_66639365_xl-2015-1492538304-650-7779a32724-1493113263

ပါဝင်ပစ္စည်းတွေကို ရေသေချာဆေးပါ။ နာနတ်သီးကိုတော့ အခွံနွှာလိုက်ပါ။ ပြီးရင် ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ ဆား၊ သကြား တွေထပ်မထည့်ပါနဲ့။

အဲဒီဖျော်ရည်ကို ဖျော်ပြီးပြီးချင် ၁၅ မိနစ်အတွင်းသောက်ပေးပါ။ မနက်ပိုင်းမှာ သောက်ပေးတာ ပိုကောင်းပါတယ်။

အားကစားလုပ်ပြီးသောက်ပေးမယ်ဆိုရင်လည်းကောင်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာလည်းစားမယ်။ လေ့ကျင့်ခန်းလည်းလုပ်မယ်။ ဒီဖျော်ရည်လည်းသောက်မယ်ဆိုရင် အမြန်ဆုံး ရလဒ်ကောင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။