ဖျားနာလာပြီဆိုရင် ဆရာဝန်ဆီသွားပြီး Antibiotic ဆေးတွေ သောက်ကြရပါတယ်။ ဆေးတွေမှာလည်း ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ Side Effects များစွာ ရှိပါတယ်။ ဒါကြောင့် နဂိုကတည်းက မဖျားအောင်၊ ရောဂါပိုးတွေမဝင်အောင်၊ ရောဂါပိုးတွေ ခုခံနိုင်အောင် သဘာဝနည်းလမ်းနဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်ထားရအောင်။

VitaminC

ဗီတာမင် စီ

ဗီတာမင်စီက အသီးအနှံတွေ တော်တော်များများ မှာတွေ့ရပြီး အထူးသဖြင့် လိမ္မော်သီးနဲ့ နာနတ်သီးတို့မှာ ပိုများပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ခိုင်မာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် အအေးမိချိန်မှာ လိမ္မော်သီးစားသုံးပေးသင့်ပါတယ်။

ဗီတာမင် စီက အရေပြားက ပျက်စီးသွားတဲ့ ဆဲလ်တွေပြုပြင်ဖို့နဲ့ ကျန်းမာရေးအတွက်လည်း အရမ်းအရေးကြီးပါတယ်။

ဖြစ်နိုင်ရင် အော်ဂန်းနစ် (Organic) လိမ္မော်သီးကို တစ်ပတ်မှာ ၂ ရက် ၃ ရက်လောက် အနည်းဆုံး စားပေးပါ။

Manuka_honey_in_a_bowl-750x500

ပျားရည်

ပျားရည်မှာ ရောဂါ ပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ (Antibiotic) တွေပါဝင်ပါတယ်။

Cinnamon_Variaties_-_Robin-750x416

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်ကတော့ ကျန်းမာရေးအတွက်ဆို အဖိုးတန်တဲ့ ရွှေလိုပါဘဲ။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါသမားတွေအတွက်ဆိုရင် ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်တွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ (Antibiotic) ဓာတ်တွေလည်း ပါပါတယ်။

သစ်ကြမ်းပိုးခေါက်ကို ဟင်းလျာတွေထဲမှာထည့်ပြီးစားသုံးလည်းရပါတယ်။ သစ်ကြမ်းပိုးခေါက်ကို ရေထဲမှာ ကြိုပြီး အဲ့ဒီရေကို ရေခဲသေတ္တာထဲထည့်ထားကာ တစ်နေ့ကို စားပွဲတင်ဇွန်း ၃ ဇွန်းလောက် သောက်သုံးပေးလို့လည်းရပါတယ်။

ginger-389906_640

ဂျင်း

ဂျင်းက တုပ်ကွေး ဖျားနာတွေအတွက်ဆိုရင် မရှိမဖြစ်ပါဘဲ။ အစာအိမ် ရောဂါတွေ ပျို့အန်တာတွေ၊ အဆစ်အမြစ်ကိုက်ခဲတာ၊ ကြွက်သားတွေကို ကုသရာမှာလည်း ကောင်းပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ယူချင်တယ်ဆိုရင်တော့ ဂျင်းကို အများကြီး စားသုံးတာတွေ ရှောင်ကြဉ်သင့်ပါတယ်။ ဂျင်းအများကြီးစားသုံးတာနဲ့ ကိုယ်ဝန် သန္ဓေနေရာမှားတည်တာတို့က ဆက်စပ်နေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။