ခုတလော ညဖက် အိပ်ပျော်ဖို့ ခက်နေလား။
တခြားသူတွေလို ကွန်ပျူတာအကြည့်များတာ ဂိမ်းဆော့တာကြောင့်မဟုတ်ဘဲ စိုးရိမ်ပူပန်မှုတွေ ဖြစ်လို့ ကောင်းကောင်းအနားယူ အိပ်စက်လို့ မရဘူးလား။ အိမ်တွင်းရေး လူမှုရေး စီးပွားရေး အိုး ဟိုအကြောင်းဒီအကြောင်းတွေ စဉ်းစားလို့ အိပ်လို့မရဘူးဖြစ်နေလား။
ဒါဆိုရင်တော့ ဂီတနဲ့ ကုစားဖို့ အကြံပြုချင်ပါတယ်။
ဂီတက အိပ်မပျော်တဲ့ဝေဒနာကို အကောင်းဆုံးကုသပေးနိုင်တဲ့ ဆေးတစ်လက်ပါပဲ။ ကောင်းမွန်စွာ အိပ်စက်အနားယူဖို့ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ ကူညီပေးပါတယ်။
ပြုလုပ်ရမှာကတော့
အိပ်ယာမဝင်ခင် ၄၅ မိနစ်လောက်မှာ ကိုယ်အကြိုက်ဆုံး သီချင်းချိုချိုလေးတွေကို နားဆင်ပါ။
သီချင်းက ဆူညံပွက်နေတဲ့သီချင်းမျိုးနားမထောင်ပါနဲ့။
နားထောင်တဲ့အခါမှာ သီချင်းစာသားတွေကို နစ်မျောပြီး သေချာ အဓိပ္ပာယ်ဖော် နားထောင်ပါ။
မအိပ်ခင် နာရီဝက်အလိုမှာ ကွန်ပျူတာ ဖုန်း လုံးဝမကြည့်ပါနဲ့။