မကြာသေးခင်ကမှ စစ်တပ်ကနေ အာဏာသိမ်းထားတဲ့ ဇင်ဘာဘွေနိုင်ငံမှာ ကလေးမွေးနေရင်း နာရင် အော်လို့မရပါဘူး။

ပြည်တွင်းဆေးရုံက ကလေးမွေးခါနီး၊ မွေးနေတုန်း နာလို့ အော်ရင် တစ်ခါအော်တိုင်း ၅ ဒေါ်လာ ဒဏ်ငွေရိုက်ပါတယ်။

နိုင်ငံရဲ့ GDP က ဒေါ်လာ ၅၀၀ဘဲ ရှိပြီး တစ်ဦးချင်း တစ်နှစ် ဝင်ငွေက ဒေါ်လာ ၁၅၀ ဘဲရှိပါတယ်။ ဇင်ဘာဘွေဆေးရုံတွေမှာ ကလေးတစ်ခါမွေးရင် ဒေါ်လာ၅၀ ပေးရပါတယ်။

အလုပ်လက်မဲ့နှုန်းက ၉ ၅ ရာခိုင်နှုန်း၊ ဆင်းရဲမွဲတေမှုများတဲ့နိုင်ငံဖြစ်ပါတယ်။

မိခင်တစ်ယောက်က ကလေးမွေးဖွားချိန်မှာ ၁၀ခါကျော်လောက်အော်မိလိုက်ရင် တစ်နှစ်စာဝင်ငွေရဲ့ တစ်ဝက်စာလောက် ပြုတ်သွားမှာ အသေအချာပါဘဲ။

ကလေးမွေးဖွားစဉ်အော်မိလို့ ဒဏ်ကြေးမပေးနိုင်တဲ့ မိခင်တွေကို ဆေးရုံမှာဘဲ အကျယ်ချုပ်ထားပြီး မပေးနိုင်မချင်း အတိုးနှုန်းတက်နေမှာပါ။

ဒါကြောင့် ဇင်ဘာဘွေက မိခင်တွေက ဒီလို စရိတ်တွေ မတတ်နိုင်တာကြောင့် အိမ်မှာဘဲ ကလေးမွေးဖွားကြပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းအရ ဇင်ဘာဘွေနိုင်ငံမှာ နေ့စဉ် မိခင် ၈ ယောက် ကလေးမွေးရင်း သေဆုံးနေရပါတယ်။

ဒီပြဿနာနဲ့ပတ်သက်ပြီး Transparency International က ဇင်ဘာဘွေ အမျိုးသား ကျန်းမာရေ ဝန်ကြီးဌာနကို စာပို့ပြီး အကြောင်းကြားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက စာရကြောင်း အတည်ပြုခဲ့ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်တာမျိုး မရှိပါဘူး။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGO) က စုံစမ်းတဲ့အခါမှာ စာပျောက်သွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲ့နောက်မှာ Transparency International က ဇင်ဘာဘွေ ဒုတိယ ဝန်ကြီးချုပ်နဲ့တွေ့ပြီး စကားပြောတဲ့အခါမှာ ဒီကိစ္စကို အဆင်ပြေအောင် ဆောင်ရွက်ပါ့မယ်လို့ကတိပေးခဲ့ပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGO)ရဲ့ ပြောကြားချက်အရ အဲ့ဒီနောက်ပိုင်းမှာတော့ ကလေးမွေးရင်း အော်တဲ့ ဒဏ်ငွေ ဆောင်ရတာကြောင့် မကြားရတော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ၁ နှစ်ဝင်ငွေ ဒေါ်လာ ၁၅၀ ဘဲရှိတဲ့ ဇင်ဘာဘွေပြည်သူတွေအတွက် အစိုးရဆေးရုံမှာ ကလေးမွေးစရိတ် ဒေါ်လာ ၅၀က လက်လှမ်းမမီလောက်အောင် ဈေးကြီးနေပါသေးတယ်။

(သမ္မတ ရောဘတ်မူဂါဘေ အာဏာရှိစဉ်၊ ၂၀၁၃ ခုနှစ်က The Washington Post ကရေးသားခဲ့တဲ့ ဆောင်းပါးထဲကနေ ကောက်နုတ် ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။)