တစ်ပုလင်းကို အမေရိကန်ဒေါ်လာ ၃၅ သန်းတန်တဲ့ အရက်

D’Amalfi Limoncello Supreme ဆိုတဲ့ အရက်ဖြစ်ပါတယ်။ အီတလီနည်းနဲ့ထုတ်လုပ်ထားတဲ့အရက်ဖြစ်ပါတယ်။

D’Amalifi Limoncello Supreme အရက်ဟာ ပါဝင်တဲ့ အရက်ချည်းကြောင့် ဈေးကြီးတာမဟုတ်ပါဘူး။

ပုလင်းထိပ်မှာ ၁၃ ကလပ် အလေးချိန်ရှိတဲ့ စိန်ပါဝင်ပြီး ပုလင်းအလယ်မှာလည်း ၁၈.၅ ကလပ်အရွယ်ရှိတဲ့ စိန်ပွင့်ကြီးတစ်လုံးလည်း ပါဝင်ပါတယ်။

Limoncellos အရက် ၂ပုလင်းဘဲ ထုတ်လုပ်ရောင်းချခဲ့ဖူးပါတယ်။

ကင်းမြီးကောက်ရဲ့ အဆိပ်- ၁ ဂါလံကို ၃၄ သန်းကျော်

ကင်းမြီးကောက်ရဲ့ အဆိပ်ထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ် တစ်ရှူးတွေ ပျက်စီးမှု၊ အဆစ်အမြစ်ရောင်တဲ့ရောဂါနဲ့ အစာအိမ်ဟောင်းဆိုင်ရာ ရောဂါတွေကို ကုသဖို့ ဆေးဝါးတွေ ဖော်စပ်ရာမှာ အသုံးပြုပါတယ်။

တောကြီး မြွေဟောက် အဆိပ် (King Cobra)- ၁ ဂါလံကို အမေရိကန်ဒေါ်လာ ၁၃၅,၇၀၀

တောကြီး မြွေဟောက် (King Cobra) က ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး မြွှေအမျိုးအစားဖြစ်ပါတယ်။ တစ်ချက်ပေါက်လိုက်ရုံနဲ့တင် ဆင်ကြီးတစ်ကောင်တောင် သေနိုင်ပါတယ်။

ဒါပေမယ့် တောကြီး မြွှေဟောက်ရဲ့ အဆိပ်က အရမ်းကို အဖိုးတန်တာကြောင့် လူတွေက အသက်ကိုရင်းပြီး အဆိပ်ရဖို့ ကြိုးစားကြပါတယ်။

တောကြီး မြွှေဟောက် အဆိပ်ဟာ Parkinson၊ အယ်ဇိုင်းမား ၊ စိတ်ဓာတ်ကျတဲ့ရောဂါတွေကို ကုသတဲ့ ဆေးထုတ်လုပ်ရာမှာ အရေးပါလှပါတယ်။