အသက်အရှည်ကြီး ကျန်းကျန်းမာမာနဲ့ အားအင်အပြည့်နေထိုင်သွားချင်ပါသလား။ ဒါဆိုရင်တော့ ဒန့်သလွန်သီးနဲ့အရွက်ကို များများစားပေးပါ။

ဒန့်သလွန်ပင်က တောင်အာရှမှာ စတင်တွေ့ရှိရတဲ့အပင်လို့ သမိုင်းမှတ်တမ်းများအရ သိရပြီး ဆေးဖက်ဝင်အပင်အဖြစ် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက အသုံးပြုခဲ့ကြပါတယ်။ စွမ်းအားကြီးတဲ့ Antioxidants တွေ အများကြီး ပါဝင်နေပါတယ်။

ဒန့်သလွန်သီးနဲ့ဒန့်သလွန်ရွက်တွေဘယ်လို အကျိုးကျေးဇူးတွေ ရှိနေသလဲ

ဒန့်သလွန်ပင်နဲ့ အရွက်တွေမှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အများကြီးပါဝင်နေပါတယ်။

ဒန့်သလွန်သီး ၁ ခွက်စာက လူတိုင်းမှာနေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ပမာဏတွေ လိုအပ်ပါတယ်။

ဒန့်သလွန်သီး ၁ ခွက်စာမှာ

ဗီတာမင် B6 ၁၉ ရာခိုင်နှုန်း

သံဓာတ် ၁၁ ရာခိုင်နှုန်း

Riboflavin Vitamin B2 က ၁၁ ရာခိုင်နှုန်း

ဗီတာမင် အေက ၉ ရာခိုင်နှုန်း

မဂ္ဂနီဆီယမ်က ၈ ရာခိုင်နှုန်း

ပရိုတင်းဓာတ်က ၂ ဂရမ် တို့ပါဝင်ပါတယ်

အရိုးကို သန်မာစေ

သံဓာတ်နဲ့ကယ်ဆီယမ်ဓာတ်တွေပါဝင်တာကြောင့် အရိုးရဲ့သိပ်သည်းဆကို များစေပြီး အရိုးပွတာ၊ အလွယ်တကူ မကျိုးလွယ်အောင် ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးသလို ကုသပေးနိုင်

2105-11-cancer-cell-therapy

ဒန့်သလွန်ရွက်နဲ့ အသီးမှာ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးတဲ့ Antioxidants ဓာတ်တွေ အများကြီးပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ Free Radicals တို့ကို ဖျက်ဆီးပေးပါတယ်။ အဲ့ဒီအပြင် Beta Carotene၊ ဗီတာမင် စီ၊ Quecetin နဲ့ Chlorogenic အက်ဆစ်တို့ပါဝင်ပါတယ်။

သွေးအတွင်း အချိုဓာတ်ကို ကျစေ

ဆီးချို ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။ သုတေသနစမ်းသပ်မှုတစ်ခုအရ အမျိုးသမီး ၃၀ ဦးဟာ ဒန့်သလွန်မုန့် ၇ ဂရမ်ကို ၃ လလုံးလုံး စားသောက်လိုက်တဲ့အခါမှာ သွေးအတွင်း သကြားဓာတ် ၁၃.၅ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။

သွေးကို သန့်စင်ပေး

ဒန့်သလွန်ရွက်နဲ့ သီးက သွေးထဲက အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ မျက်နှာပေါ်က ဝက်ခြံတွေနဲ့ အရေအပြားဆိုင်ရာ ပြဿနာတွေကို လျော့ပါးအောင် ကူညီပေးပါလိမ့်မယ်။ မျက်နှာမှာ ဝက်ခြံတွေ များနေရင် ဒန့်သလွန်ရွက်နဲ့ အသီးကို ဖျော်ရည်ဖျော်ပြီး သောက်ပေးသင့်ပါတယ်။

အရွယ်တင်နုပျိုစေ

Anti-Aging-Benefits

ဗီတာမင် A ဓာတ် ပါဝင်မှုများတ ကြောင့် ကိုယ်ခံအားစနစ်နဲ့ အမြင်အာရုံကိုအားကောင်းစေတဲ့အပြင် အရွယ်တင်နုပျိုစေပါတယ်။