မင်္ဂလာပါနော်။ ပျိုမေတို့အတွက် သဘာဝနည်းလမ်းတွေနဲ့ မျက်နှာချေးချွတ်ပြီး အသားအရေ ကြည်လင်စေမယ့် နည်းလမ်းလေးကို မျှဝေပေးပါမယ်။ ပါဝင်ပစ္စည်းတွေ့ သဘာ၀ ပစ္စည်းတွေပဲမို့ ဘေးထွက်ဆိုးကျိုးရှိစေမှာမဟုတ်ပါဘူး။ အခုပြောပြမယ့်နည်းလမ်းလေးက စာဖတ်သူတို့ အဆီပြန်တဲ့အသားအရေအတွက် အထူးသင့်တော်ပါတယ်။ ဒါပေမယ့်လည်း နေ့တိုင်းမလုပ်ရပါဘူးနော်။ တစ်ပတ်မှာတစ်ကြိမ်လောက် လုပ်ပေးပါ။ မျက်နှာပေါ်မှာ ရှနာတာမျိုးရှိနေရင်လည်း ဒီနည်းလမ်းတွေကို အသုံးမပြုရပါဘူး။ ဝက်ခြံ ညစ်ပြီးခါစဆိုရင်လည်း မလိမ်းသင့်ပါဘူး။

ပါဝင်ပစ္စည်း

သံပုယိုရည်

သကြား

ပျားရည်

ပြုလုပ်နည်း

အရင်ဆုံး သကြားကို ခွက် ၄ ပုံ ၁ ပုံထည့်လိုက်ပါ။ ပြီးရင် သံပုယိုရည်နဲ့ ပျားရည်ရောပြီးထည့်ပါ။ သံပုယိုရည်မရှိရင် သံပုရာသီးကို အရည်ညှစ်ပြီး ထည့်လည်းရပါတယ်။

သံပုယိုရည် (သို့) သံပုရာရည်ဟာ အသားရေ ခြောက်သွေ့ ယားယံတာတွေကို သက်သာစေပါတယ်။ ပြီးရင် မျက်နှာကို သေချာသစ်ပြီး သုတ်လိုက်ပါ။ အဲဒီနောက် စောစောက ရောထားတဲ့ သကြား၊ သုံပုယိုရည်နဲ့ ပျားရည်ရောထားတာကို လိမ်းလိုက်ပါ။


လက်ချောင်းလေးတွေနဲ့ သေချာ ညင်သာစွာပွတ်လိမ်းပေးပါ။ မျက်လုံးနဲ့ နှုတ်ခမ်းနားမှာတော့ ချန်ခဲ့လိုက်ပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။


ပြီးရင် မျက်နှာကို သေချာသုတ်ပြီး Moisturizer လိမ်းပေးပါ။

အကျိုးကျေးဇူးတွေ

သံပုယိုရည်က သင့်အသားအရေကို ဖြူစင်စေမှာဖြစ်ပြီး သကြားက ချွေးပေါက်တွေကို သန့်စင်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ပျားရည်ကတော့ ဝက်ခြံဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။