မင်္ဂလာပါနော်။ ချောင်းဆိုး ရင်ကျပ်တာတွေအတွက် အကောင်းဆုံး အိမ်တွင်းဆေးနည်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

လည်ချောင်းကို ချောမွေ့စေပြီး အဆုတ်ကိုလည်း သန့်ရှင်းစေသလို ချောင်းဆိုး ရင်ကျပ်တာတွေကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းဆေးနည်းလေးပါ။

ပျားရည်နဲ့ ငှက်ပျောသီးကိုတွဲပြီးသုံးပေးရမှာပါ။ ကလေးတွေအတွက်ကော အရွယ်ရောက်ပြီးသားသူတွေလည်း သောက်လို့အဆင်ပြေပါတယ်။ လည်ချောင်းနာတာ ဆိုးဆိုးရွားရွားချောင်းဆိုးတာ၊ အစာအိမ်ပြဿနာတွေအတွက်လည်း သက်သာပျောက်ကင်းစေပါတယ်။

ပါဝင်ပစ္စည်း

ငှက်ပျောသီးမှည့် အနေတော် ၂ လုံး (အခွံမှာ အစက်အပျောက်ပါတာသုံးပါ)

ပျားရည် (သို့) သကြား စားပွဲတင်ဇွန်း ၂ ဇွန်း (ပျားရည်ထည့်မယ်ဆိုရင် အေးသွားမှထည့်ပါ။ အပူချိန်မြင့်နေရင် ပျားရည်ရဲ့ အာနိသင်ပျက်ပျယ်သွားနိုင်လို့ပါ။)

ရေနွေးဆူဆူ ၄၀၀ မီလီလီတာ

ပြင်ဆင်ခြင်း

ငှက်ပျောသီးကိုအခွံနွှာပါ။ ပြီးရင် ခရင်း (သို့) ဇွန်းကိုသုံးပြီး ပြဲသွားအောင်လုပ်ပါ။

သကြားထည့်ပြီး သေချာမွှေပါ။

ပြီးရင် ရေနွေးပူပူလောင်းထည့်လိုက်ပြီး မိနစ် ၃၀ လောက်အုပ်ထားပါ။

ပျားရည်ထည့်မယ်ဆိုရင်တော့ စောစောက ငှက်ပျောသီးနဲ့ မရောထည့်ဘဲ ရေအေးသွားမှာ ထည့်ပေးရမှာပါ။

ပြီးရင် သေချာမွှေပေးပါ။

သောက်သုံးခြင်း

မသောက်ခင်မှာ နည်းနည်းလေး ပြန်နွေးပေးပြီး တစ်ခါသောက် ၁၀၀ မီလီလီတာလောက်သောက်ပေးပါ။ တစ်နေ့ ၄ ကြိမ်သောက်ပေးရမှာပါ။

အခုလုပ်ထားတဲ့ ဆေးပမာဏက တစ်ရက်စာအတွက်ပဲဖြစ်ပါတယ်။ နောက်နေ့စာအတွက်နောက်နေ့မှာ အသစ်ုလပ်ရမှာပါ။

ရက်အနည်းငယ်လောက်နေရင် သက်သာသွားမှာဖြစ်ပါတယ်။