သူငယ်ချင်းတစ်ယောက်ဆိုရင် သူအမြဲတမ်း မနက် ၁၀ နာရီလောက်မှ နိုးလေ့ရှိလို့ မနက်စောစော ထချင်တယ် ဆိုပြီး ခဏခဏ ပြောဖူးပါတယ်။ မနက်စောစောကြိုးစားထလိုက်ရင် ကိုယ့်ကိုကိုယ် အားအင်ကုန်ခမ်းနေသလို ခံစားနေရတဲ့သူတွေရှိပါတယ်။

ဒါ့ကြောင့် မနက်စောစော ထချင်တယ်ဆိုရင် ဘယ်လိုအချက်တွေကိုရှောင်ရမလဲဆိုတာ မျှဝေပေးသွားပါမယ်။

၁။ ညအိပ်ယာမဝင်ခင် ရေနွေးနွေးလေးနဲ့ ရေချိုးပါ

ညအိပ်ယာမဝင်ခင် ၁ နာရီခွဲ၊ ၂ နာရီအလိုမှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။ အဲဒီလိုရေချိုးပေးတာဟာ သင့်ကို နှစ်ခြိုက်စွာအိပ်မောကျစေမှာဖြစ်သလို ပင်ပန်းနွမ်းနယ်မှုတွေ သက်သာစေမှာဖြစ်ပါတယ်။

၂။ အခန်းကိုရှင်းပါ

တစ်နေ့တာလုံး အလုပ်တွေရှုပ်နေမှာဖြစ်ပေမယ့် အိပ်ယာကိုမြင်တာနဲ့ အိပ်ချင်စဖွယ်လေးဖြစ်အောင် သေချာ သန့်ရှင်းရေးလုပ်ပေးထားပါ။

၃။ မုန့်အချိုအစား၊ နို့သောက်ပါ

ညအိပ်ယာမဝင်ခင်မှာ ဗိုက်ဆာရင် မုန့်အချိုတွေ စားမယ့်အစား နို့ပူပူလေးတစ်ခွက်ကို သောက်ပေးပါ။ ဒိန်ချဉ်ကိုလည်း သောက်ပေးလို့ရပါတယ်။

၄။ မနက်စာမစားခြင်းကို ရှောင်ပါ

မနက်ဖက် ဘယ်ပဲသွားစရာရှိရှိ၊ အလုပ်ဘယ်လောက်ရှုပ်ရှုပ် မနက်စာ မဖြစ်မနေစားပေးပါ။

၅။ ဖုန်းကိုမီးရောင်လျှော့ထားပါ

အကောင်းဆုံးကတော့ ဖုန်းမသုံးတာ၊ ဖုန်းပိတ်ထားတာပိုကောင်းပါတယ်။ ဖုန်းရဲ့ မီးအလင်းရောင်ဟာ အိပ်ရေးပျက်တာကို ဖြစ်စေတဲ့ ဟော်မုန်းဓာတ်တမျိုးကိုထုတ်ပေးပြီး ညညအိပ်မပျော်တာမျိုးဖြစ်စေပါတယ်။

၆။ Alarm ကို အများကြီးမပေးထားပါနဲ့

ဒါကိုမြင်လိုက်တဲ့အခါ အဲငါနဲ့ တိုက်ဆိုင်လိုက်တာလို့ တွေးမိကြမှာပါ။ စိတ်ကိုလုံး၀ ပိုင်းဖြတ်လိုက်ပြီး နိုးစက်ကို တစ်ခါတည်းပေးလိုက်ပါ။ ၅ မိနစ်တစ်ခါ၊ ၁၀ မိနစ် ၁ ခါ၊ မိနစ် ၂၀ တစ်ခါ လုပ်ထားတာဟာ သင့်ကိုမနက်စောစောထဖို့ အထောက်အကူဖြစ်စေမှာမဟုတ်ပါဘူး။

၇။ ည အိပ်ယာစောစောဝင်ပါ

မနက်စောစောထချင်တဲ့သူတွေ ရှောင်ရမယ့် ဆောင်ရမယ့်အရာတွေ

ညဖက်အိပ်ယာ စောစောဝင်ပြီး မနက်စောစောထပါ။ ည ၁၁ နာရီထက်စောနိုင်သမျှစောအောင် အိပ်ယာဝင်ပေးသင့်ပါတယ်။