ဒီသဘာဝဖျော်ရည်ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့အပြင် ကင်ဆာရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒီနည်းလမ်းလေးကိုတော့ အဆုတ်ကင်ဆာခံစားခဲ့ရတဲ့ တရုတ်နိုင်ငံက ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်သူ Mr. Seto က ထုတ်ဖော်ပြောကြားပေးခဲ့တာပါ။ တရုတ်နိုင်ငံက နာမည်ကျော်ဗိန္ဒောဆရာကလည်း သူ့ရဲ့ နည်းလမ်းကို ထောက်ခံခဲ့ပါတယ်။ ဒီဖျော်ရည်ကို သောက်သုံးခဲ့ပြီး ၃ လအတွင်းမှာ သက်သာလာခဲ့တာပါ။ အံ့သြစရာကောင်းတဲ့ ဒီနည်းလမ်းလေးကို စာဖတ်သူတွေအတွက်လည်း ဝေမျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
နိုကိုဥ ၁ လုံး
မုန်လာဥနီ ၁ လုံး
ပန်းသီး ၁ လုံး
ပါဝင်တဲ့သီးသီးတွေက စာဖတ်သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အော်ဂဲလ်နစ်သစ်သီးတွေကို ၀ယ်ယူဖို့ အကြံပြုလိုပါတယ်။
ပြင်ဆင်ခြင်း
ပါဝင်ပစ္စည်းတွေအားလုံး ရေစင်စင်ဆေးပြီး လှီးလိုက်ပါ။ ပြီးရင် ဖျော်စက်ထဲထည့်ပြီး မွှေလိုက်ပါ။ ဖျော်ပြီးတာနဲ့ ခွက်ထဲထည့်ပြီး လတ်လတ်ဆတ်ဆတ်သောက်ပေးပါ။
သံပုယိုသီး (သို့) သံပုရာသီးကိုလည်း ညှစ်ထည့်လို့ရပါတယ်။
ဒီဖျော်ရည်ကို မနက်စာမစားခင် ၁ နာရီလောက်အလိုမှာစားပေးပါ။ ၃ လတိတိ မပျက်မကွက်သောက်ပေးပါ။