ယနေ့ခေတ်မှာဆိုရင် လူသားတွေဟာ သူတို့ရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ရယ်၊ အချို့အချို့သော ရောဂါတွေကို တိုက်ဖျက်ကုသရန်အတွက် အိုမီဂါသရီး ဖက်တီးအက်စစ်ဓာတ် အင်မတန်မြင့်မားတဲ့ ငါးကြီးဆီကို နေ့စဉ်မှန်မှန် စားသုံးလာကြပါပြီ။
ငါးကြီးဆီကို အရည်အနေနဲ့တစ်မျိုး၊ ဆေးတောင့်အနေနဲ့တစ်ဖုံး အမျိုးမျိုးသုံးစွဲနိုင်ပြီး ဆေးဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ ရှာဖွေဝယ်ယူနိုင်ပါတယ်။
ဒီလိုအလွယ်တကူ ရှာဖွေဝယ်ယူနိုင်တဲ့ ငါးကြီးဆီနဲ့ပတ်သက်ပြီး ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ဘယ်လိုမျိုး ကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲဆိုတာကို ယခုဆောင်းပါးမှာဖော်ပြပေးသွားမှာဖြစ်တာကြောင့် နေ့စဉ်သုံးစွဲသင့်မသင့်ကို ဆုံးဖြတ်နိုင်ပါတယ်။
အတွေးလွန်ခြင်းကို လျော့ချပေး
ငါးကြီးဆီကိုစားသုံးပေးခြင်းဟာ ကြောက်ရွံ့မှုတွေနဲ့ အတွေးလွန်ခြင်းတို့ ဝင်ရောက်လာခြင်းကို လျော့ကျစေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေတာကြောင့် သားသမီးများကို အထူးတိုက်ကျွေးသင့်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါ ကုသနိုင်
ငါးကြီးဆီမှာပါဝင်တဲ့ Antioxidants များနှင့် အိုမီဂါသရီးဖက်တီးအက်စစ်တို့ကို မှန်မှန်သုံးစွဲပေးခြင်းဟာ လူကြီးသူမတွေမှာ အဖြစ်များတဲ့ အယ်လ်ဇိုင်းမားရောဂါကို သက်သာစေပါတယ်။
ဆီးချိုအတွက် အထူးကောင်းမွန်
ဆီးချိုသမားများအနေနဲ့လည်း ငါးကြီးဆီကို စားသုံးပေးနိုင်ပါတယ်။ Hippocampus လို့ခေါ်တဲ့ ဆဲလ်များအတွင်း ပျက်စီးမှုတွေမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးသွေးကြောရောဂါတွေမဖြစ်အောင် တားဆီးပေးပါတယ်။
ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေ
ငါးကြီးဆီကိုမှန်မှန်သုံးစွဲပါက ဆီးကြိတ်၊ အူမကြီး၊ ရင်သားတို့လို ကင်ဆာအမျိုးမျိုး ဖြစ်ပေါ်လာနိုင်ခြေကို လျော့ကျစေပါတယ်။
အိပ်ပျော်စားဝင်စေခြင်း
အထူးသဖြင့် ကလေးတွေအနေနဲ့ ငါးကြီးဆီကိုသောက်သုံးခြင်းဟာ ပိုမိုနှစ်ခြိုက်စွာအိပ်ပျော်စေကာ တစ်ရေးနိုး လန့်နိုးခြင်းတွေလည်း မဖြစ်စေပါဘူး။
အသားအရေ ပိုလို့ လှပလာစေ
အထက်ပါ အကျိုးကျေးဇူးတွေအပြင် အသားအရေအတွက်လည်း ကောင်းမွန်တဲ့ ငါးကြီးဆီမှာ Anti-inflammatory Agents တွေပါဝင်တာကြောင့် နှင်းခူဖြစ်စေတဲ့ Leukotriene B4 ကို တိုက်ဖျက်ပေးပါတယ်။
Featured Image Source: www.healthline.com