ခေါင်းတခြမ်းကိုက် (Migraine)ကြောင့် ခေါင်းတစ်ခြမ်းပြင်းပြင်းထန်ထန်ကိုက်ခဲတဲ့အပြင် မူးဝေအော့အန်တာတွေလည်းဖြစ်တတ်ပါတယ်။

Migraine ဖြစ်ရင် အာရုံစူးစိုက်ရခက်ခဲပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်။

Migraine ရဲ့ လက္ခဏာများမှာ

1.ပြင်းထန်စွာ ခေါင်းကိုက်ခြင်း

အများအားဖြင့် ခေါင်းတစ်ခြမ်း သို့မဟုတ် ခေါင်းတစ်ခုလုံး ပြင်းထန်စွာ ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာဘဲများပါတယ်။

2. မူးဝေအော့အန်ခြင်း

အစာစားချင်စိတ်မရှိခြင်းတို့၊ မူးဝေအော့အန်တာတို့ ဖြစ်တတ်ပါတယ်။

3. အသံတွေနဲ့ အလင်းရောင်တွေမခံနိုင်ခြင်း

ဒီအတိုင်း လူတွေစကားပြောနေတဲ့အသံကိုတောင် ခံနိုင်ရည်မရှိတော့ခြင်း၊ တီဗီအလင်းရောင်ကိုတောင် မခံနိုင်ခြင်းတို့ဖြစ်တတ်ပါတယ်။ အလင်းရောင်မရှိတဲ့အခန်းထဲမှာနေတာတို့ ၊အသံတွေနဲ့ ဝေးရာမှာ နေတာတို့ဖြစ်လာတတ်ပါတယ်။

4. သည်းခံနိုင်ရည် မရှိခြင်း

မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အရင်ကလောက် မသည်းခံနိုင်တော့ပါဘူး။

5. အမြင်တွေ ဝါးလာခြင်း

ပုံရိပ်တွေ၊လိုင်းတွေနဲ့ အမြင်တွေ ဝါးလာတာကို သတိထားမိမှာပါ။

6. မျက်နှာနဲ့ ဂုတ် ကြွက်သားများထုံထိုင်းလာခြင်း

ဂုတ်တို့ မျက်နှာတို့မှာ ရှိတဲ့ ကြွက်သားများ ထုံကျင်ကိုက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။

7. ရေဆာခြင်း

ရေခဏခဏဆာခြင်း၊ ခဏခဏ အပေါ့သွားခြင်းကလည်း Migraine ရဲ့ လက္ခဏာတစ်ရပ်ထဲမှာပါဝင်ပါတယ်။ ဆီးထဲမှာအနံ့ပါလာရင် သတိထားသင့်ပါတယ်။

8. အာရုံစိုက်ရခက်ခဲလာခြင်း

Migraine ရောဂါပြင်းထန်လာရင် အာရုံစိုက်ရခက်ခဲလာပြီး သာမန် စကားပြောဆိုတာတောင် ခက်ခဲလာတတ်ပါတယ်။

ဘာကြောင့်ဖြစ်ပွားရသလဲ။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေ၊ အလုပ်ရှုပ်မှုတွေကြောင့် ခေါင်းတခြမ်းကိုက် (Migraine) ကိုဖြစ်စေနိုင်ပါတယ်။

ဟော်မုန်းပြောင်းလဲမှု

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံတွေ သို့ တခြားရောဂါတွေကြောင့် ဟော်မုန်းပြောင်းလဲပြီး ခေါင်းတခြမ်းကိုက် (Migraine)ကို ဖြစ်စေနိုင်ပါတယ်။

အိပ်ချိန်နည်းခြင်း

အိပ်ချိန်နည်းခြင်း သို့မဟုတ် အိပ်ချိန်အရမ်းများခြင်းတို့ကလည်း Migraine ကိုဖြစ်စေနိုင်ပါတယ်။

မျိုးရိုးဗီဇကြောင့်

သုတေသနတချို့အရ Migraine ဖြစ်ပွားတဲ့သူတွေရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းဟာ မိသားစုဝင်ထဲမှာတင် ခေါင်းတစ်ခြမ်းကိုက် (Mirgraine) ဖြစ်ပွားဖူးသူတွေ ရှိပါတယ်။

သောက်သုံးနေတဲ့ ဆေးဝါးတချို့ကြောင့်

တချိုု့ဆေးဝါးတွေက အာရုံကြော၊ ဟော်မှုန်းနဲ့ သွေးဖိအားကို သက်ရောက်မှုရှိတာကြောင့် Migraine ကိုဖြစ်စေနိုင်ပါတယ်။