အသက်ရှင်နေထိုင်ဖို့အတွက် ကိုယ်ရောစိတ်ပါ ကျန်းမာနေဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် စားဝတ်နေရေးအတွက် လုံးပမ်းနေရတာနဲ့ လူတွေက မိမိခန္ဓာကိုယ်ကျန်းမာရေးကိုသာ အလေးထားလာကြပြီး စိတ်ကျန်းမာနေဖို့ မေ့လျော့လာကြပါတယ်။ စိတ်ကျန်းမာမှသာလျှင် ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ခန္ဓာကိုယ်နေမကောင်းရင်လည်း ဂရုစိုက်ပေးရသလိုပဲ စိတ်နေမကောင်းရင်လည်း ဂရုစိုက်ပေးရပါမယ်။

စိတ်မကျန်းမာတဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာများ

အစားအသောက်ပုံမှန်မစားတော့ခြင်း၊ အစားအသောက်အလွန်အကျွံစားခြင်း၊ အိပ်မပျော်ခြင်း၊ အလွန်အကျွံအိပ်ခြင်း၊ လုံလောက်အောင် အိပ်သော်လည်း အိပ်ရေးမဝဘဲ ပင်ပန်းနွမ်းနယ်ခြင်း၊ မိမိချစ်သူခင်သူများနဲ့ ပေါင်းသင်းဆက်ဆံမှုမပြုလုပ်လိုတော့ခြင်း၊ မိမိနှစ်သက်သော အရာများကို မပြုလုပ်တော့ခြင်း၊ အကြောင်းပြချက်မဲ့စွာ ခန္ဓာကိုယ် နာကျင်ကိုက်ခဲနေခြင်း၊ မျှော်လင့်ချက်မဲ့ပြီး ကူကယ်ရာမဲ့နေသလို ခံစားရခြင်း၊ ပုံမှန်ထက် ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ဝမ်းနည်း စိုးထိတ် ကြောက်ရွံပြီး ဒေါသထွက်ပြီး မေ့လွယ်ခြင်း စတဲ့ ခံစားချက်များရောပြွမ်းနေခြင်း၊ မိသားစုများ သူငယ်ချင်းမိတ်ဆွေများနှင့် မကြာခဏငြင်းခုန်ကာ ရန်ဖြစ်နေရခြင်း၊ လူမှုပေါင်းသင်းဆက်ဆံမှုကို ထိခိုက်နိုင်သည်အထိ စိတ်အပြောင်းအလဲအတက်အကျမြန်ခြင်း၊ မိမိခေါင်းထဲ၌ အသံမျိုးစုံကို ကြားယောင်နေခြင်းတို့ပဲဖြစ်ပါတယ်။

စိတ်ကျန်းမာနေဖို့အတွက် ဘယ်လိုပြုလုပ်ရမလဲဆိုရင်

အကောင်းမြင်စိတ်မွေးမယ်၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပြီး တက်တက်ကြွကြွနေမယ်၊ အခြားသူများကို ကူညီရိုင်းပင်းမယ်၊ အိပ်ရေးဝဝအိပ်မယ်၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်စားမယ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ကောင်းမွန်စွာအချိန်ကုန်ဆုံးမယ်၊ လိုအပ်ပါကလည်း ကျွမ်းကျင်ပညာရှင်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်လိုကုသမလဲ

တရားထိုင်ခြင်း၊ Yoga ဆော့ခြင်း၊ စိတ်ငြိမ်းအေးစေသော သီချင်းနားထောင်ခြင်း၊ တတ်ကျွမ်းနားလည်သူ ဆရာဝန်အကူအညီရယူခြင်း၊ ဆရာဝန်ညွှန်ကြားချက်ဖြင့် ဆေးဝါးမှီဝဲခြင်း၊ မိမိ မိသားစု၊ ချစ်သူခင်သူများထံမှ အားပေးကူညီမှုရယူခြင်းတို့ပဲဖြစ်ပါတယ်။