ဒန့်သလွန်ပင်ဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ပေါက်ရောက်လေ့ရှိတဲ့ အပင်မျိုးပါပဲ။ အရွက်နဲ့ အသီးကို လူစားများကြပါတယ်။ ပင်လတ်မျိုးဖြစ်ပြီးတော့ ၁၂ ပေကနေ ၂၅ ပေကျော်ထိ မြင့်ပါတယ်။ အသီး၊ အရွက်ရော အမြစ်ပါစားသုံးလို့ရပြီး ဆေးဖက်ဝင်တဲ့အပင်မျိုးပါပဲ။

Drumstick-vegetable

ဒန့်သလွန်သီးဟာ နူးညံ့ပြီး အရသာရှိလို့ လူကြိုက်များသလို အရွက်ကိုလည်း ဟင်းချိုအဖြစ် ချက်ပြုတ်စားသောက်ကြပါတယ်။ အသီးနဲ့ အရွက်သာမက အပွင့်ရော၊ အစေ့ရော ဆေးဖက်ဝင်ပါတယ်။ အပင်က ရတဲ့အစေးကိုလည်း သားရေ ဆိုးဆေးအဖြစ် အသုံးပြုနိုင်သလို သရက်ထည်ဆေးဆိုးလုပ်ငန်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

Drumstick-tree-with-flowers-and-fruits

ဒန့်သလွန် အစေ့ကထုတ်တဲ့ အဆီကိုလည်း အဆစ်အမြစ် ရောင်ရမ်းနာကျင်တာတွေအတွက် အသုံးပြုနိုင်ပါတယ်။

မြန့်မာတို့ရဲ့ ဆေးကျန်းတွေအရ ဒန့်သလွန်ဟာ အစာကြေလွယ်တယ်၊ ထမင်းမြိန်စေတယ်။ လေ ၊ သလိပ်နဲ့ သည်းခြေနိုင်တယ်။ အပူနာ၊ ရောင်ရမ်းနာကျင်တာကို သက်သာစေပြီး မျက်လုံးကို အားကောင်းစေတယ်လို့ ဆိုပါတယ်။

ခေါင်းကိုက်နေရင်

ဒန့်သလွန်မြစ်ကိုယူပြီး ရေသေချာဆေးကာ နုတ်နုတ်စဉ်းြ့ပီးကြိတ်လိုက်ပါ။ ပြီးရင် အဝတ်စတစ်ခုထဲထည့်ပြီး အရည်ညှစ်ထုတ်လိုက်ပါ။ ပြီးရင် ထန်းလျက်နဲ့ အချိုးတူရောစပ်ပြီးသောက်ပေးရင် ခေါင်းကိုက်သက်သာပါတယ်။

အသံဝင်ခြင်း အသံကပ်ခြင်း

horseradish-2500-56a210f55f9b58b7d0c63350

ဒန့်သလွန်မြစ်ကို ကြိတ်ပြီး အရည်ညှစ်ပါ။ ပြီးရင် စားပွဲတင်ဇွန်း ၁ ဇွန်းလောက်သောက်ပေးရင် အသံဝင် အသံကပ်တာ သက်သာပါတယ်။ လည်ချောင်းနာတာလည်း သက်သာစေပါတယ်။

အစာမကြေရင်

ဒန့်သလွန်မြစ်နဲ့ မုန်ညှင့်စေ့ကို ဆတူရောကျိတ်ပြီး ရေခွက်ထဲမှာ ၂ နာရီလောက်စိတ်ပေးပါ။ ပြီးရင် စားပွဲတင်ဇွန်း ၁ ဇွန်းစာ တစ်နေ့ ၃ ကြိမ်လောက်သောက်ပေးပါ။

ဝမ်းရောဂါ

ဝမ်းဖောဝမ်းယောင်ခြင်းအတွက် ဒန့်ဒလွန် အပွင့်နဲ့ အမြစ် တစ်ခုခုကို ကြိတ်ပြီး စားပေးရင် ဝမ်းရောဂါအတွက် ကောင်းမွန်ပါတယ်။

အသီး

ဒန့်သလွန်သီးကိုစားရင် ကလေးတွေအတွက်အထူးကောင်းမွန်ပါတယ်။ သန်၊ တုတ် ကင်းစေပါတယ်။

ဒန့်သလွန်စေ့

အဆိပ်ကို အမှုန့်ကြိတ်ပြီး နားထဲထည့်ပေးရင် နားကိုက်တာ နားပြည်ယိုတာ သက်သာစေပါတယ်။

ထိခိုက်ရှနာတွေပျောက်ကင်းဖို့

အရွက်ကို ကြိတ်ပြီး ထိခိုက်ရှနာတဲ့နေရာမှာ အုံပေးထားရင် အနာအကျက်မြန်ပါတယ်။

ဒန့်သလွန်ရဲ့ ဆေးဖက်ဝင် အာနိသင်တွေ အသုံးပြုလို့ရတဲ့နည်းတွေ များစွာရှိနေပါသေးတယ်။ အနည်းငယ်ကိုပဲ မျှဝေလိုက်တာပါ။ စာဖတ်သူတို့လည်း ကိုယ်သိတဲ့ ဒန့်သလွန်ရဲ့ ဆေးဖက်ဝင်ပုံတွေကို ပြန်လည်မျှဝေပေးနိုင်ပါတယ်။