လိမ္မော်သီးဟာ ကမ္ဘာအနှံ့အပြားမှာ လူစားများတဲ့ အသီးများထဲမှာပါဝင်ပါတယ်။ ဒါပေမယ့် လူတွေတော်တော်များများ မသိသေးတာက လိမ္မော်သီးအခွံမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပါနေတာပါဘဲ။

Bad-cholesterol

သွေးအတွင်း ကိုလက်စထရောဓာတ်ကို ကျဆင်းစေ

လိမ္မော်သီးအခွံမှာ Phytochemicals တွေနဲ့ Flavonoids ဓာတ်တွေပါဝင်ပါတယ်။ ဒီဓာတ်တွေက သွေးအတွင်းကိုလက်စထရောဓာတ်တွေကို ထိန်းလို့မရဖြစ်နေသူတွေအတွက် သဘာဝဆေးပါဘဲ။

သူတို့မှာ သွေးလွှတ်ကြောတွေ အနယ်ကျမှုကို ဖယ်ရှားဆေးကြောပေးနိုင်တဲ့ Antioxidants တွေလည်း ပါဝင်ပါတယ်။ အဲ့ဒီအပြင် သွေးကြောပိတ်တာကို ဖြစ်စေတဲ့ Plaque တွေကို မဖြစ်ပေါ်အောင် တားဆီးပေးပါတယ်။

Indigestion-and-acid-reflux

ရင်ပြည့်ရင်ကယ် ရောဂါကိုလည်း သက်သာ ပျောက်ကင်းအောင် လုပ်ဆောင်နိုင်

သူ့မှာ Alkaline Effect ကွန်ပေါင်းတွေ ပါဝင်တာကြောင့် ဒါဟာ အစာအိမ်က အက်ဆစ်ထုတ်တာကို လျော့ချပေးပါတယ်။ သူ့ကို ရေနွေးကြမ်းလုပ်ပြီး သောက်ဖြစ်ဖြစ်၊ ဖျော်ရည်ဖြစ်ဖြစ် သောက်ရင် အစာခြေစနစ်ကို ထိန်းညှိပေးပါတယ်။ အကယ်၍ အစာခြေအရည် (အက်ဆစ်) က အထက်ကိုဆန်တက်လာပြီး ပူလောင်သလို ခံစားနေရရင် တစ်နေ့ကို လိမ္မော်သီးအခွံ ဖျော်ရည်ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် တစ်ခွက် ကို ရက် ၂၀ လောက်သောက်သင့်ပါတယ်။ အော်ဂန်းနစ် Organic လိမ္မော်သီးကို ပိုပြီး အသုံးပြုသင့်ပါတယ်။

Cold

အသက်ရှူလမ်းကြောင်း ရောဂါတွေကိုလည်း ကာကွယ်ပျောက်ကင်းစေ

လိမ္မော်သီး အခွံမှာရှိတဲ့ ဗီတာမင်စီဓာတ်ဟာ လိမ္မော်ရည်မှာပါဝင်တာထက် ၁၀ ဆလောက်ပိုများပါတယ်။ ဒါကြောင့် ကိုယ်ခံအားနစ်ကို ကောင်းမွန်စေပါတယ်။

အဲ့ဒီအပြင် ဘက်တီးရီးယား နဲ့ ဗားရက်စ်ပိုးတွေပြန့်ပွားမှုကို အားပျော့စေတဲ့ Antioxidant တွေလည်း ပါဝင်ပါတယ်။

  • ချောင်းဆိုးရင်ကြပ်
  • အအေးမိ
  • တုပ်ကွေး
  • နှာခေါင်း အလက်ဂျစ်
  • ပန်းနာရင်ကျပ်
  • အဆုတ်ကင်ဆာ တို့ကို သက်သာ ပျောက်ကင်းနိုင်ပါတယ်။

Orange-Peel

  • သွားကျန်းမာရေးအတွက်လည်း ကောင်းမွန်

လိမ္မော်သီး အခွံ အနည်းငယ်ကို ဝါးပေးရင်

  • ခံတွင်း အနံ့အသက်ကောင်းမွန်စေပြီး
  • ဘက်တီးရီးယား ပိုးမွှားတွေကို ထိန်းချုပ်လျော့ချပေး
  • သွားမှာ အဝါရောင် အစက်အပြောက်တွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

အထူးသဖြင့် သွားကိုက်၊ သွားနာတတ်သူတွေ လိမ္မော်သီး အခွံကို ဝါးပေးသင့်ပါတယ်။