ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်မှာ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာ သင်သိပြီးပြိလား။ ပျားရည်ရော သစ်ကြမ်းပိုးခေါက်ပါ သဘာဝပစ္စည်းလေးတွေဖြစ်လို့ ဆေးဖက်ဆိုင်ရာ အကျိုးအာနိသင်တွေ အများကြီးရှိနေပါတယ်။

ဘက်တီးရီးယားပိုေးတွသေစေနိုင်ပြီး ရောင်ရမ်းမှုကိုသက်သာစေပါတယ်။

၁။ ချောင်းဆိုးခြင်းကို သက်သာစေတယ်

ရောင်ရမ်းမှုကို သက်သာစေသလို ဘက်တီးရီးယားတွေကို သေစေနိုင်လို့ ချောင်းဆိုးခြင်းနဲ့ လည်ပင်းနာခြင်းကို သက်သာစေပါတယ်။

ရေတစ်ခွက်

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

သစ်ကြမ်းပိုးခေါက်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ရေကို ပွက်ပွက်စူအောင်သည်လိုက်ပါ။ ပြီးရင် ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ထည့်လိုက်ပြီး သေချာမွှေပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး သံပုရာရည် အနည်းငယ်ညှစ်ထည့်ကာ ခပ်နွေးနွေးလေးသောက်ပေးပါ။

၂။ အဆစ်အမြစ်ကျန်းမာစေခြင်း

အဆစ်အမြစ်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ လေးဖက်နာ၊ အဆစ်နာခြင်းတွေဟာ ခန္ဓာကိုယ်အတွင်းက တစ်ရှုးများ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်ရတာပါ။

မနက်အိပ်ယာနိုးနိုးခြင်း သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကိုရောပြီး စားပွဲတင်ဇွန်း တစ်ဇွန်း ပုံမှန်သောက်ပေးပါ။

၃။ ခံတွင်းရနံ့ ဆိုးခြင်းကိုသက်သာစေခြင်း

ခံတွင်းနံ့ဆိုးရတဲ့အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်မယ့် သဘာဝနည်းလမ်း

ခံတွင်းရနံ့ဆိုးခြင်းကို သက်သာချင်ရင် သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကိုရောပြီး စားပွဲတင်ဇွန်း တစ်ဇွန်း ကို မနက်စာမစားခင်မှာ ပုံမှန်သောက်ပေးပါ။

၄။ ကိုယ်အလေးချိန်ကျစေခြင်း

ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သစ်ကြမ်းပိုးခေါက်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီး မနက်စာမစားခင်မှာ သောက်ပေးပါ။