ပျားရည်ကို အိမ်တွင်းဆေးအဖြစ် အသုံးပြုတဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ပျားရည်မှာ ကျန်းမာရေးအတွက်အထောက်အကူပြုစေတဲ့ အဟာရဓါတ်တွေ များစွာပါဝင်ပြီး ရွှေလိုအဖိုးတန်တဲ့ ရွှေရောင်ပျားရည်လေးကို ဒီလိုအသုံးပြုလိုက်ရအောင်ပါ။

ကင်ဆာနဲ့ နှလုံးရောဂါကာကွယ်ဖို့

Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ပျားရည်ကို ပုံမှန်စားပေးရင် ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

အစာအိမ် အချဉ်ရည်ဆန်တက်ခြင်း (Acid Reflux)

အစာခြေရည်တွေ အထက်ဆန်တက်တာဟာ လူတော်တော်များများဖြစ်ကြပါတယ်။ အဲဒီအခါ လူက ရင်ပူသလိုဖြစ်ပါတယ်။ ပန်းနာလိုလို ချောင်းဆိုးပြီး မြိုချရလည်းခက်ပါတယ်။ ဒီလို အချဉ်ရည်ဆန်တက်တာမျိုးမဖြစ်အောင် ပျားရည်ကို တစ်နေ့ ၁ ဇွန်း ပုံမှန်သောက်ပေးသင့်ပါတယ်။

 

အပူလောင်ခြင်းနဲ့ ထိခိုက်ရှနာပျောက်ကင်းစေဖို့

အပူလောင်တာမျိုး ထိခိုက်ရှနာတာမျိုးဖြစ်ရင် ပျားရည်ကို လိမ်းပေးနိုင်ပါတယ်။

အစောမကြေခြင်း

အစာမကြေတာမျိုးဖြစ်ပြီဆိုရင် ဂျင်း ၁ လက်မလောက်ကို ရေနဲ့ကျိုပေးပြီး အအေးခံကာ ပျားရည် ၂ ဇွန်း၊ သံပုရာရည်အနည်းငယ်ညှစ်ပြီး သောက်ပေးပါ။

အရေပြား ဓါတ်မတည့်ခြင်းအတွက်ပျားရည်

ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် အရေပြားယားယံတာ ဓတ်မတည့်တာမျိုးဖြစ်ရင် ပျားရည်ကို လိမ်းပေးနိုင်ပါတယ်။ ပျားရည်လိမ်းပေးပြီးခြောက်အောင်ထားကာ ရေဆေးချပေးပါ။

ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝတဲ့ ပျားရည်

ပျားရည်မှာ ဗီတာမင် B1, B2, B3, B5 နဲ့ ဗီတာမင် C စတာတွေအပြင် သံဓါတ် ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆာလ်ဖာလ်၊ ဆိုဒီယမ်ကလိုရွိုက် စတာတွေပါဝင်ပြီး ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ပါတယ်။

အအေးမိဖျားနာခြင်းကို ကာကွယ်ပေးတဲ့ ပျားရည်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပျားရည်ကို သဘာ၀ ချောင်းဆိုးပျောက်ဆေး၊ အအေးမိဖျားနာပျောက်ဆေးအဖြစ် ထောက်ခံပေးကြပါတယ်။ အခုလိုကျောင်းဖွင့်ရာသီမှာလည်း ရာသီဥတုအပြောင်းအလဲကြောင့်ကျောင်းသားလူငယ်တွေ ဖျားနာလေ့ရှိတာမို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပျားရည်နေ့စဉ်စားသုံးပေးသင့်ပါတယ်။ ညအိပ်ယာမဝင်ခင် ပျားရည်တစ်ဇွန်းလောက်သောက်ပြီးအိပ်ပေးတာဟာ အိပ်ရေးဝစေပြီး အအေးမိဖျားနာဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

 

ပျားရည်နေ့တိုင်းစားနေရင် ဆီးချို သွေးချို ဖြစ်မလားစိုးရိမ်နေသူတွေအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို စားပွဲတင်ဇွန်း ၃ ဇွန်းထိ ပုံမှန် စားသုံးပေးနိုင်တယ်လို့ သုသေသနတွေမှာ ဖော်ပြထားပါတယ်။

 

ရောဂါပိုးတွေကို သဘာဝနည်းနဲ့ တိုက်ဖျက်ပေးနိုင်မယ့် အစားအစာများ

 

နေ့စဉ်ပျားရည်သုံးစွဲဖြစ်ဖို့အတွက် အလွယ်ကူဆုံးသုံးစွဲနည်းများကို သိထားဖို့ လိုအပ်ပါတယ်။

၁။ စားစရာဟင်းများ ချက်ပြုပ်ပြင်ဆင်ရာတွင် အချိုမှုန့်အပါအဝင် ကျန်မာရေးအတွက် မသင့်တော်တဲ့ ဟင်းခတ်မှုန့်များကို မသုံးပဲ ပျားရည်ကို အစားထိုးသုံးစွဲပါ။

၂။ ဖျော်ရည်အပါအဝင် ကော်ဖီ၊နွားနို့ စသည့် သောက်စရာများတွင် သကြားအစား ပျားရည်သုံးပါ။

၃။ ညအိပ်ယာဝင်ခါနီး ရေ သို့မဟုတ် ရေနွေးဖြင့် ပျားရည်တစ်ခွက်ဖျော်သောက်ပြီးမှ အိပ်ပါ။

အဲဒီလို ပျားရည်စားသုံးခြင်း အလေ့အကျင့်ကောင်းလေးများ မွေးမြူလေ့ကျင့်သွားရင် သင့်မိသားစုရဲ့ ကျန်းမာပျော်ရွှင်တဲ့ နေရက်များစွာ ပိုင်ဆိုင်နိုင်မှာ မလွဲပါဘူး။

အထက်ပါကောင်းကျိုးသုခများရရှိနိုင်ဖို့ ပျားရည်ကို နေစဉ်သုံးစွဲနေဖို့လိုပါတယ်။ ပျားရည်နေ့တိုင်းစားနေရင် ဆီးချို သွေးချို ဖြစ်မလားစိုးရိမ်နေသူတွေအတွက် သတင်းကောင်းကတော့ လူတစ်ယောက်ဟာ တစ်နေ့ကို ပျားရည် စားပွဲတင်ဇွန်း သုံးဇွန်းအထိ နေ့စဉ် စားနိုင်တယ်လို့ သုသေသနတွေမှာ ဖော်ပြထားပါတယ်။

 

ပျားရည်ဝယ်မယ်ဆိုရင်

Myanmar Honey Farms Co., Ltd. ကထုတ်လုပ်တဲ့ ၁၀၀% ပျားရည်စစ်စစ် ထုတ်ကုန်တွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ပေးထားပြီးတော့ ပြည်တွင်းဈေးကွက်အပြင် နိုင်ငံခြားဈေးကွက်တွေဖြစ်တဲ့(Japan, USA, EU) နိုင်ငံတွေကိုလည်း ရောင်းချပေးနေပါတယ်။ FDA, Halal, ISO, HACCP, GMP စတဲ့ အစားအသောက်ထုတ်လုပ်မှုဆိုင်ရာ ထောက်ခံချက်လက်မှတ်တွေကိုလည်း ရရှိထားတဲ့အပြင် စားသုံးသူများ ဘေးဥပါတ်ကင်းစေရန် Germany နိုင်ငံရှိ နာမည်ကြီး Intertek Lab တွင် ပုံမှန်စစ်ဆေးများပြုလုပ်ထားသော ထုတ်ကုန်တွေဖြစ်ပါတယ်။

Myanmar Honey Farms Co., Ltd. ကနေ ထုတ်လုပ်တဲ့ PURE HONEY (1000G, 200G) နှင့် Mouth Khakabo (420g)တွေကို မြန်မာနိုင်ငံမြို့ကြီးတွေမှာရှိတဲ့ City Mart, Ocean, Market Place, Capital, Gandamar, Orange, Sein Gay Har, Gamone Pwint, Victoria, Super One, One Stop Mart, Pro Mart, Go Green, City Express စတဲ့ဆိုင်ကြီးတွေအပြင် Modern Trade ဆိုင်ကြီးတွေနဲ့ အခြားစတိုးဆိုင်တွေ၊ လက်လီဆိုင်တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။ 100% စစ်မှန်တဲ့ ပျားရည်စစ်စစ်ကိုမှ စားသုံးချင်သူတွေအတွက် ရွေးချယ်စရာ Healthy Food တစ်မျိုးဖြစ်တဲ့ ပျားရည်ကို မိတ်ဆက်ပေးလိုက်ပါတယ်။