ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုထိန်းညှိဖို့အတွက် ချွေးထွက်ရတာပါ။ ဒါပေမယ့် ညဘက်အိပ်နေရင်း ချွေးထွက်ရင် အိပ်နေတာကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ချွေးထွက်ရခြင်းရဲ့ အကြောင်းအရင်းတွေကို ဝေမျှချင်ပါတယ်။

Menopause

Menopause ကတော့ အမျိုးသမီးတွေမှာ ဖြစ်လေ့ပိုများပါတယ်။ ဟော်မှုန်းအပြောင်းအလဲတွေ မြန်ဆန်မှုကြောင့်ဖြစ်ပါတယ်။ ကြာလာရင် အသက်ရှူကြပ်တာ၊ နှလုံး ခုန်နှုန်း တည်ငြိမ်မှုမရှိတာ၊ ကောင်းစွာမအိပ်နိုင်တာတို့ ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေဖြစ်တာကြာလာရင် ဆရာဝန်ကို ပြသင့်ပါတယ်။ အဲ့ဒီအပြင် အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့နေရာ၊ သဘာ၀ ပစ္စည်းတွေနဲ့လုပ်ထားတဲ့ အိပ်ရာ နဲ့ သက်တောင့်သက်သာ ဖြစ်စေတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ပါတယ်။

ဆေးဝါးတချို့ကြောင့်

ရောဂါတစ်ခုခုကြောင့် ဆေးတွေသောက်နေရရင်လည်း အဲ့ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်နိုင်ပါတယ်။

ဆေးဝါးတွေကြောင့် စိတ်လှုပ်ရှားတာ၊ စိတ်ဓာတ်ကျတာတွေဖြစ်စေပြီး ဒါတေါက ချွေးထွက်စေပါတယ်။

ဟော်မှုန်းနဲ့ ပတ်သက်တဲ့ ရောဂါ၊ သွေးအတွင်း သကြားဓာတ်နည်းအောင် နဲ့ စတွီုင်းရိုက် (Steroid) နဲ့ပတ်သက်တဲ့ ဆေးဝါးတွေသောက်သုံးနေရတဲ့အချိန်မှာဖြစ်တတ်ပါတယ်။

တီဘီရောဂါ

တီဘီရောဂါကလည်း ညဘက်ချွေးထွက်များတာနဲ့ ဆက်စပ်နေပါတယ်။ တီဘီရောဂါက သေချာသိရင် ကုသလို့ရတဲ့ ရောဂါတစ်မျိုးပါ။

အဖျားကြီးရင်၊ ရင်ဘတ်အောင့်ရင်၊ ချောင်းဆိုးသွေးပါခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့က လက္ခဏာတွေဖြစ်ပါတယ်။

သွိုင်းရိုက်ရောဂါများ

Hyperthyroidism နဲ့ Hyperhidrosis တို့က ချွေးထွက်များစေပါတယ်။ ဟော်မှုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ပေးတဲ့ရောဂါဖြစ်တာကြောင့် မနက်ကော၊ညဘက်မှာ အိုက်စက် ချွေးထွက်များစေပါတယ်။