အိပ်မပျော်တဲ့ရောဂါဆိုတာ ကျန်းမာရေးကြောင့်နဲ့ စိတ်ပိုင်းကြောင့် ဖြစ်စေနိုင်ပြီး အိပ်တဲ့စနစ်လိုတာလည်းရှိပါတယ်။ ဆေးသုတေသနဆရာဝန်တွေက ဦးနှောက်ကိုပါ လေ့လာခဲ့ကြပါတယ်။ လူတိုင်းမှာ အိပ်ချိန်နဲ့ နိုးနေချိန် အလှည့်ကျရှိပြီး တခုဖြစ်နေစဉ် ကျန်တခုက မဖြစ်ပါဘူး။ တမျိုးမျိုးမှာ လွန်ကဲနေခြင်းကနေ ကျန်တခုကိုပါ သက်ရောက်စေပါတယ်။

Medical Causes of Insomnia ကျန်းမာရေးအကြောင်းခံ

သာမန်လောက်ကနေ ဆိုးတာအထိရှိပါတယ်။ တချို့ကျန်းမာရေးအကြောင်းခံတွေ သူ့ကိုယ်၌ကနေ အိပ်မရတာဖြစ်စေပြီး၊ တချို့တော့ ကျန်မာရေးကြောင့် အနေရအထိုင်ရ အအိပ်ရခက်စေပါတယ်။

Nasal/sinus allergies နှာခေါင်းအလာဂျီဖြစ်ခြင်း

Source: The Salt Scene

Gastrointestinal problems such as reflux အက်စစ်ရည်အထက်ဆန်ခြင်း

Hyperthyroidism လည်ပင်းကြီးဟော်မုန်းနည်းရောဂါ

Arthritis အဆစ်နာရောဂါ

Asthma ပန်းနာ

Source: Affordable Family Home Care of Raleigh NC

Parkinson’s disease ပါကင်ဆန်ရောဂါ

Chronic pain နာတာရှည်နာနေခြင်းရောဂါ

Low back pain ခါးနာရောဂါ။

Medicines အလာဂျီဆေးတွေ၊ သွေးတိုးကျဆေးတွေ၊ နှလုံးရောဂါဆေးတွေ၊ လည်ပင်းကြီးရောဂါဆေးတွေ၊ ပန်းနာဆေးတွေ၊ စိတ်မကျဆေးတွေကနေလည်း အိပ်မရတာဖြစ်စေနိုင်ပါတယ်။

Restless legs syndrome ခေါ် ခြေမငြိမ်အာရုံကြောရောဂါတမျိုးရှိရင် အိပ်မရဖြစ်ပြီး ညနေပိုင်းမှာ ပိုဆိုးပါတယ်။

Sleep apnea ဆိုတာလည်း အိပ်မရတာနဲ့ဆက်စပ်နေပြီး အသက်ရှူလမ်း တဝက်တပျက် သို့ အကုန်ပိတ်နေတာပါ။

Insomnia & Depression စိတ်ကျရောဂါနဲ့ အိပ်မရခြင်း

Source: Psychiatric Times

Insomnia & Anxiety စိုးရိမ်စိတ်ကဲသူတွေမှာလည်း အိပ်မရဖြစ်တတ်ပါတယ်။

Tension စိတ်ဖိအားများနေရင်လည်း ဖြစ်တတ်ပြီး Insomnia & Lifestyle လူနေမှုပုံစံ လိုအပ်နေလို့လည်း အိပ်မရဖြစ်နိုင်ပါတယ်။ အရင်ကနေ နေထိုင် လုပ်ကိုင် စားသောက်တာကနေ အပြောင်းအလဲဖြစ်သွားရင်ဖြစ်တယ်။ ဥပမာ အလုပ်ချိန်ပြောင်းခြင်း။

Insomnia & Food အစားအသောက်ကနေလည်း ဖြစ်စေနိုင်တယ်။

Source: American Sleep Association

တယောက်နဲ့တယောက် မတူတတ်ပါ။ အရက်ကြောင့်အိပ်မရတာလည်းရှိတယ်။ မူးယစ်ဆေးကြောင့်လည်းဖြစ်မယ်။ ကေဖင်းဓါတ်များရင် လန်းဆန်းနေလို့ အိပ်မရဖြစ်တယ်။ ရင်တုန်နေမယ်။ ဆေးလိပ်ထဲပါ နီကိုတင်းကလည်း အိပ်မရဖြစ်စေတယ်။ ညစာစားတာ များသွားတဲ့အခါ အိပ်မပျော်ဖြစ်တတ်တယ်။

Credit : ဒေါက်တာတင့်ဆွေ