မှဲ့လို့ပြောလိုက်ရင် စံပယ်တင်မှဲ့ မျက်ရည်ခံမှဲ့ စသဖြင့် ပြောဆိုကြပြီး မှဲ့ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ မှဲ့ဆိုမှ စာဖတ်သူတို့ကော ဘယ်နေရာမှာ မှဲ့ရှိသလဲ။ မှဲ့တွေကပြောတဲ့ ကိုယ့်အကြောင်းလေးနဲ့ မှဲ့ရဲ့ အဓိပ္ပာယ်တွေကို မျှဝေလိုက်ပါတယ်နော်။

နှာခေါင်းရိုးအလည်တည့်တည့်မှာရှိတဲ့ မှဲ့

နှာခေါင်းအလည်တည့်တည့်မှာ မှဲ့ ပါရှိတဲ့သူတွေဟာ အမြဲတမ်း အခက်တွေ့လေ့ရှိပါတယ်။ သူတို့ဟာ ဆန့်ကျင်ဘက်လိင်ရဲ့ စိတ်ဝင်စားမှုခံရသလို လိင်တူရဲ့ စိတ်ဝင်စားမှုကိုလည်း ခံရလေ့ရှိပါတယ်။

ညှပ်ရိုးအလည်မှ ပါတဲ့မှဲ့

ညှပ်ရိုးအလည်မှာ မှဲ့ပါတယ်ဆိုရင်တော့ သင့်ကိုချစ်တဲ့ သစ္စာရှိတဲ့ အိမ်ထောင်ဖက်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး သင်ဖြစ်ချင်တဲ့လမ်းကြောင်းအပေါ် အထောက်အပံ့ပြုနိုင်သူနဲ့ ဆုံတွေ့ရမယ်လို့ဆိုပါတယ်။

မျက်ခုံးအောက် မျက်ခွံအပေါ်က မှဲ့

ဒီမှာမှဲ့ပါတဲ့သူကတော့ လူမှုဆက်ဆံရေးမှာ အမြဲတမ်းအခက်တွေ့ရ လေ့ရှိပါတယ်။

နှာခေါင်းဘေးက မှဲ့

သင်ဟာ ပျော်ရွင်တဲ့ အိမ်ထောင်သည်ဘဝကို ရှရှိပိုင်ဆိုင်ရမှာပါ။ ရိုးမြေကျချစ်ခင်မဲ့သူနဲ့ ဆုံတွေ့ရပါမယ်။

ရင်ဘတ်နားကမှဲ့

သင်ဟာ ငယ်စဉ်မှာတော့ အချစ်ရေးမှာကံမကောင်းနိုင်ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပြီးပြည့်စုံတဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်မှာပါ။

နှာသီးပေါ်က မှဲ့

နှသီးပေါ်ကမှဲ့ရှိတယ်ဆိုရင်တော့ ဖယ်ရှားပေးသင့်ပါတယ်။ ပျောရွှင်တဲ့ အိမ်ထောင်ရေးကို မရရှိနိုင်ဘူးလို့ဆိုထားပါတယ်။ ဒါပေမဲ့ စာဖတ်သူတို့ စိတ်ရွှင်ဖို့ ပြန်လည်ဖော်ပြတာဖြစ်လို့ အစွဲမထားစေချင်ပါဘူး။

နှုတ်ခမ်းထောင့်က မှဲ့

သင်ဟာ ဆွဲဆောင်မှုရှိတဲ့သူဖြစ်ပြီး သင့်ချစ်သူကလည်း အရမ်းကိုကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

နားနောက်က မှဲ့

နားနောက်မှာ မှဲ့ပါတဲ့သူဟာ တည်ငြိမ်တဲ့ ဘဝကိုရရှိပိုင်ဆိုင်ထားသူပါ။ စိတ်ကျေနပ်ပျော်ရွှင်တဲ့ အိမ်ထောင်ရှင်ဘ၀ တည်ငြိမ်တဲ့ အသက်မွေးဝမ်းကျောင်းကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အောက်နှုတ်ခမ်းက မှဲ့

သင်ဟာ ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်ပါတယ်။ သင့်နှလုံးသားဟာ အရမ်းကို Romantic ဆန်ပါတယ်။

အပေါ် နှုတ်ခမ်းကမှဲ့

သင်ဟာ တစ်ခုခုဆို အာရုံ ရနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ညာဖက်မျက်လုံးရဲ့ အပေါ်မှာ မှဲ့ရှိရင်

သင်ဟာ သင့်ရဲ့ အိမ်ထောင်ဖက် လက်တွဲဖော်ကို ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် ကြီးကြီးထားသူပါ။

လက်ပေါ်က မှဲ့

လက်မောင်းမှာ မှဲ့ရှိရင် သင်ဟာ စိတ်ကျေနပ်ပျော်ရွှင်တဲ့ လက်ထပ်ထိမ်းမြားခြင်းကို ပြုနိုင်ပါတယ်။ သင်ရဲ့ လက်တွဲဖော်က သင့်အပေါ် နားလည်ပြီး သင့်အပေါ် အမှန်တကယ် မေတ္တာသက်ဝင်သူနဲ့ တွေ့ဆုံနိုင်မှာပါ။

မှတ်ချက် ။ ။ အခုဖော်ပြခဲ့တဲ့ မှဲ့ အကြောင်းတွေက စာဖတ်သူတို့ကို အပျော်သဘော အနေနဲ့ရော ဗဟုသုတအနေနဲ့ရော ဖော်ပြပေးခဲ့တာဖြစ်ပြီး အကြောင်းအရာတစ်ခုအပေါ်မှာ အလေးအနက် တယူသန်မထားဖို့ တင်ပြလိုက်ပါတယ်။