[Unicode]

တချို့ စားသုံးကုန်တွေမှာ ကျန်းမာရေးနဲ့သင့်လျော်တာတို့၊ သကြားမပါတဲ့ အစားအစာ (Sugar Free) တို့၊ Diet တို့ စကားလုံးတွေတပ်ထားတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တာမဟုတ်ပါဘူး။

Diet Soda ကို ကျန်းမာရေးနဲ့သင့်လျော်တဲ့ ကယ်လိုရီပါဝင်မှုနည်းတဲ့အချိုရည်တွေအဖြစ် ကြော်ငြာကြပါတယ်

အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူ၅ ယောက်မှာ ၁ ယောက်လောက်က နေ့တိုင်းနီးပါး Diet Soda ကို သောက်ကြပါတယ်။

ဒါကြောင့် University of Iowa Health Care Hospitals and Clinics က ဒေါက်တာ Dr. Ankur Vyas က နှလုံးရောဂါနဲ့ Diet Soda တွေရဲ့ ဆက်စပ်ပုံကို ၉ နှစ်အကြာ သုတေသနပြုလုပ်ခဲ့ပါတယ်။

တစ်နေ့ကို Diet Soda သံဗူး ၂ ဗူးနဲ့အထက် သောက်သုံးသူတွေဟာ နှလုံးရောဂါ ခံစားရနိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။ Diet Soda မသောက်သုံးသူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါဖြစ်ပွားနိုင်နှုန်း ၅၀ ရာခိုင်နှုန်းပိုများပါတယ်။ တချို့လူနာတွေမှာ လေဖြတ်တဲ့ ရောဂါတွေပါ တွေ့လာခဲ့ပါတယ်။

[Zawgyi]

တခ်ိဳ႕ စားသံုးကုန္ေတြမွာ က်န္းမာေရးနဲ႔သင့္ေလ်ာ္တာတို႔၊ သၾကားမပါတဲ့ အစားအစာ (Sugar Free) တို႔၊ Diet တို႔ စကားလံုးေတြတပ္ထားတိုင္း က်န္းမာေရးအတြက္ ေကာင္းမြန္တာမဟုတ္ပါဘူး။

Diet Soda ကို က်န္းမာေရးနဲ႔သင့္ေလ်ာ္တဲ့ ကယ္လိုရီပါ၀င္မႈနည္းတဲ့အခ်ိဳရည္ေတြအျဖစ္ ေၾကာ္ျငာၾကပါတယ္

အေမရိကန္ျပည္ေထာင္စုမွာဆိုရင္ လူ၅ ေယာက္မွာ ၁ ေယာက္ေလာက္က ေန႔တိုင္းနီးပါး Diet Soda ကို ေသာက္ၾကပါတယ္။

ဒါေၾကာင့္ University of Iowa Health Care Hospitals and Clinics က ေဒါက္တာ Dr. Ankur Vyas က ႏွလံုးေရာဂါနဲ႔ Diet Soda ေတြရဲ႕ ဆက္စပ္ပံုကို ၉ ႏွစ္အၾကာ သုေတသနျပဳလုပ္ခဲ့ပါတယ္။

တစ္ေန႔ကို Diet Soda သံဗူး ၂ ဗူးနဲ႔အထက္ ေသာက္သံုးသူေတြဟာ ႏွလံုးေရာဂါ ခံစားရႏိုင္ေခ် ၃၀ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။ Diet Soda မေသာက္သံုးသူေတြနဲ႔ ယွဥ္ရင္ ႏွလံုးေရာဂါျဖစ္ပြားႏိုင္ႏႈန္း ၅၀ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။ တခ်ိဳ႕လူနာေတြမွာ ေလျဖတ္တဲ့ ေရာဂါေတြပါ ေတြ႔လာခဲ့ပါတယ္။