ဆံကေသာအလှဟာ မြန်မာအမျိုးတွေတန်ဖိုးထားမြတ်နိုးရတဲ့ အလှတစ်ခုပါ။ ပြစ်မျိုးမှဲ့မထင် ဆံနွယ်လေးတွေ ကိုရရှိပိုင်ဆိုင်နိုင်ဖို့ သဘာဝနည်းလမ်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ကြက်ဥ ၁ လုံး

သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

မုန်ညင်းစေ့မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း

ပြင်ဆင်ခြင်း

မုန်ညင်းစေ့မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေးနဲ့ရောပါ။ ပြီးရင် သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ကြက်ဥ ၁ လုံးထည့်ပါ။ အားလုံးကို သမအောင်မွှေလိုက်ပါ။

အသုံးပြုခြင်း

အခုလုပ်ထားတဲ့ အနှစ်ကို ဆံပင်ရဲ့ အောက်ခြေအမြစ်နားမှာ လိမ်းပေးရမှာပါ။ ဦးရေးပြားကိုလည်း ထိလို့ရပါတယ်။

ပြီးရင် Shower Cup စောင်းပေးပြီး သဘက်ပူပူလေးကို ပတ်ပေးပါ။ ဦးရေပြားမှာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံကေသာကို သန်စွမ်းတောက်ပြောင်စေမှာဖြစ်ပါတယ်။

အဲဒီလိုပေါင်းထားပြီးရင် ၃ မိနစ်ကနေ ၅ မိနစ်ထိထားပါ။

ပြီးရင် ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၁ ကြိမ်နဲ့ ၅ ပတ်ကနေ ၇ ပတ်အထိ လုပ်ပေးပါ။