အခုခေတ်မှာတော့ စားသောက်နေထိုင်မှုပုံစံမမှန်တာကြောင့် ဝမ်းချုပ်တာတွေဖြစ်လေ့ရှိပါတယ်။ အဓိကကတော့ ဝမ်းသွားရတာခက်ခဲပြီး ဗိုက်အောင့်တာတွေ၊ အနံ့ဆိုးထွက်တာတွေဖြစ်လာတတ်ပါတယ်။

ဒါကြောင့် အရသာလည်းရှိပြီး ဝမ်းချုပ်တာတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အကောင်းဆုံးဖျော်ရည်များအကြောင်း ဝေမျှချင်ပါတယ်။

ရှားစောင်းလက်ပတ်နဲ့ အစိမ်းရောင်ပန်းသီး ဖျော်ရည်

ရှားစောင်းလက်ပတ်နဲ့ အစိမ်းရောင် ပန်းသီး ဖျော်ရည်ဟာ ဝမ်းချုပ်တာအတွက် အကောင်းဆုံးပါဘဲ။

ပါဝင်ပစ္စည်းများ

  • ရှားစောင်းလက်ပတ် အနှစ် လက်ဖက်ရည်ဇွန်း ၅ ဇွန်း
  • အစိမ်းရောင် ပန်းသီး
  • သခွားသီး တစ်ထောင့်ရဲ့ တစ်ဝက်
  • ရေ တစ်ခွက်

ပြုလုပ်နည်း

  • ရှားစောင်းလက်ပတ်ကနေ အနှစ်တွေထုတ်ယူပြီး ပန်းသီးနဲ့သခွားသီးတို့ကိုယူပြီး ဖျော်စက်ထဲမှာ မွှေပါ။
  • ရေထည့်ပါ။
  • တစ်နေ့ကို ဒီလို ဖျော်ရည် ၂ ကြိမ်သောက်ပါ။

ငှက်ပျောသီးနဲ့ ကွေကာအုပ်

ငှက်ပျောသီးနဲ့ကွေကာအုပ်တွေမှာ အမျှင်ဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဒါတွေက အစာအိမ်နဲ့ အူလမ်းကြောင်းလှုပ်ရှားမှုအတွက် ကောင်းမွန်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှည့်နေတဲ့ ငှက်ပျောသီး ၂လုံး
  • ကွေကာအုပ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေ တစ်ခွက်

ပြုလုပ်နည်း

  • ငှက်ပျောသီးကို ပါးပါးလှီးပြီးရေနဲ့ ကွေကာအုပ်ကိုဖျော်ပြီး ဖျော်စက်ထဲထည့်ဖျော်ပါ။
  • ဖျော်ဖျော်ပြီးချင်းသောက်ပါ။
  • တစ်ပတ်ကို ၂ ကြိမ်သောက်သုံးပါ။