လက်သည်းအရှည်ထားလို့မရဘူး။ လက်သည်း ကျွတ်ဆတ်နေပြီး ခဏခဏ ကျိုးကျိုးတတ်လို့ လက်သည်းကို ခိုင်အောင်ဘယ်လိုလုပ်ရမလဲ။

လက်သည်းအရှည်ထားချင်ပေမဲ့ လက်သည်းမကောင်းလို့ စိတ်ညစ်နေတယ်ဆိုတဲ့ ပျိုမေတို့ရေ။ MyHealth Myanmar ကနေ နည်းလမ်းကောင်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ်နော်။

လိမ္မော်သီး ၁ လုံး

ကြက်သွန်ဖြူ တစ်စိတ်

သံလွင်ဆီ ခွက် ၁/၄ ပုံ

ပြုလုပ်နည်း

လိမ္မော်သီးကို အရင်အရည်ညှစ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို တောက်တောက်စဉ်းပြီး လိမ္မော်ရည်နဲ့အတူ ရောပေးပါ။

ပြီးရင် လက်သည်းကို နစ်လိုက်ပြီး ၂ မိနစ်လောက်ထားပါ။ အဲဒီနောက် တဘက်နဲ့ သုတ်ပေးလိုက်ပါ။

ပြီးရင် ခွက်ထဲမှာ သံလွင်ဆီကိုထည့်ပြီး သံလွင်ဆီထဲ ၂ မိနစ်လောက် နစ်ပေးပါ။ တစ်ပတ် ၂ ခါလုပ်ပါ။ နှစ်ပတ်လောက်ဆိုရင် လက်သည်းလေးတွေ သန်လာပြီး အရှည်မြန်လာပါလိမ့်မယ်။