အဆုတ်က အသက်ရှူစနစ်အတွက် အရေးကြီးတဲ့ ကဏ္ဍမှာပါဝင်ပါတယ်။ လေက နှာခေါင်း သို့ ပါးစပ် ထဲကနေ လေပြွန်ထဲကို ဝင်လာပါတယ်။ ပြီး မှ အဆုတ်ထဲကိုရောက်တာပါ။
ဆေးလိပ်သောက်သုံးသူ ၉၀ ရာခိုင်နှုန်းဟာ အဆုတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။
အဲ့ဒီအပြင် ဆေးလိပ်သောက်တဲ့သူရဲ့အငွေ့ကို ရှူမိသူ Second-Hand Smoke တွေမှာလည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။
အဲ့ဒီအပြင် Arsenic, Silicon အငွေ့တွေကို ရှူမိရင်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။
အဆုတ်ကင်ဆာရောဂါရဲ့ လက္ခဏာများ
- အဆက်မပြတ် ချောင်းဆိုးခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူရတာ အခက်အခဲဖြစ်ခြင်း
- ချောင်းဆိုး သွေးပါခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- လည်ပင်းနာခြင်း
- ရုတ်တရက် ကိုယ်အလေးချိန် လျော့ကျလာခြင်း စသည်တို့ ဖြစ်ပါတယ်။
အဆုတ်ကင်ဆာက တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကူးသွားလို့ရှိရင်
- အသည်းကို ကူးသွားရင် အသားဝါလာခြင်း
- အရိုးနာခြင်း
- ခေါင်းကိုက်ခြင်း
- ခြေလက်တွေ အားနည်းခြင်း
- မူးဝေခြင်း
- ဝမ်းချုပ်ခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။
ဒီလို လက္ခဏာတချို့ကို ၃ ပတ်ကျော်အောင် ခံစားနေရရင် ဆရာဝန်နဲ့ တွေ့ဆုံမေးမြန်းသင့်ပါတယ်။
ကာကွယ်နိုင်သည့်နည်းလမ်း
- ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်အငွေ့ကင်းရာကို ရှောင်ပါ။
- အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။
- ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။
- အိမ်မှာ သစ်သားမီးရှို့တာတို့ မီးရှို့တာတွေ မလုပ်ပါနဲ့။
- စက်မှုဇုန်တွေနဲ့ ဝေးရာမှာနေပါ။
- အရက်မသောက်ပါနဲ့။
- ပုံမှန် ဆေးစစ်ပါ။