သပွတ်သီးရဲ့အရှည်က ၂၄ လက်မလောက်ရှိပါတယ်။ အစိမ်းရောင်အခွံပေါ်မှာ အဖြူရောင်အစင်းလေးတွေရှိပါတယ်။

Natural-loofahs-510x537

အလည်ကအူတိုင်ကိုတော့ ချေးတွန်းကြပါတယ်နော်။

အင်္ဂလိပ်လိုတော့ Luffa လို့လည်းခေါ်သလို Sponge Gourd လို့လည်းခေါ်ပါတယ်။ Antioxidant , ဗီတာမင်နဲ့ သတ္တုဓါတ် အဟာရဓါတ်တွေပါဝင်ပါတယ်။ ဗီတာမင် A နဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေလည်းပါဝင်ပါတယ်။ ဗီတာမင် B5၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်၊ ကြေးနီ၊ အမျှင်ဓါတ်၊ ဗီတာမင် B6၊ ဗီတာမင် C နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေလည်းပါဝင်ပါတယ်။

11c56e3e191535338ebd714f87b10aab

မျက်လုံးအတွက်ကောင်းမွန်စေတယ်

ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကိုကြည်လင်စေပြီး မျက်လုံးကိုကျန်းမာစေပါတယ်။ မျက်လုံးနဲ့ပတ်သတ်တဲ့ ဝေဒနာတွေနဲ့လည်း ကင်းဝေးစေပါတယ်။

နှလုံးသွေးကြောအတွက်ကောင်းမွန်တယ်

High resolution man drawing chart heartbeat

မကောင်းတဲ့ကိုလက်စရောတွေကို ကျဆင်းစေပြီး နှလုံးသွေးကြောကို ကျန်းမာစေပါတယ်။

ဆီးချိုကာကွယ်ပေးတယ်

ဆီးချိုရောဂါဖြစ်ပွားမှုကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်။

ကြွက်သားနာကျင်ခြင်းကိုကာကွယ်ပေးတယ်

ပိုတက်ဆီယမ်ပါဝင်လို့ ကြွက်သားကို ကျန်းမာစေပြီး ကြွက်သားနာကျင်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

အဆစ်အမြစ်နာတာကိုသက်သာစေတယ်

ကြေးနီဓါတ်ပါဝင်ပြီး ရောင်ရမ်းမှုကိုသက်သာစေလို့ အဆစ်အမြစ်နာကျင်ကိုက်ခဲတာကို သက်သာပျောက်ကင်းစေပြီး ကြွက်သားကို သန်မာစေသလို သစ်ရှုးတွေကို ပြုပြင်ပေးပါတယ်။

သွေးအားနည်းရောဂါကိုကုသပေးတယ်

ဗီတာမင် B6 ပါဝင်ပြီး သွေးအားနည်းရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

အရေပြားကျန်းမာရေး

ဗီတာမင် C စားသုံးမှုမြင့်မားမယ်ဆိုရင် အသားအရေခြောက်သွေ့တာ အရေးကြောင်းဖြစ်ပေါ်တာကို သက်သာစေပြီးအသက်အရွယ်အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဒီအသီးမှာလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။

ခေါင်းကိုက်ခြင်းကိုသက်သာစေတယ်

မဂ္ဂနီဆီယမ်ဓါတ်ပါဝင်လို့ ခေါင်းတစ်ခြမ်းကိုက်တာ ခေါင်းကိုက်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။

ဦးနှောက်ကျန်းမာရေး

ဦးနှောက်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို ပေးနိုင်လို့ ဦးနှောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။