အရွယ်ရောက်ပြီး ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အသည်းက အထူးအရေးပါလှပါတယ်။ အသည်းတစ်ခုတည်းကပင် အလေးချိန် ပေါင် ၃ ပေါင်လောက်လေးပါတယ်။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ အစာခြေ၊ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရတွေကို သိမ်းဆည်းတဲ့နေရာမှာ အသည်းရဲ့ လုပ်ဆောင်ချက်က အရေးပါလှပါတယ်။

ကျန်းမာရေးကောင်းတဲ့ အသည်းက သွေးလည်ပတ်မှုများကို အားကောင်းစေပြီး သွေးထဲက အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေကို ဖယ်ရှားပေးပါတယ်။ အစာအိမ်ထဲက အာဟာရဓာတ်များကို အစားအစာများကို အစာခြေ စနစ်ဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရအဖြစ် ပြောင်းလဲပေးပါတယ်။

အသည်းမကောင်းရင် နှလုံးနဲ့ပတ်သက်ရောဂါများ၊ အဝလွန်ခြင်း၊ အဆစ်ရောင်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ အစာခြေမှုဆိုင်ရာ ပြဿနာ၊ အလက်ဂျစ်နဲ့ တခြား ကျန်းမာရေး ရောဂါများ ဖြစ်ပွားနိုင်ပါတယ်။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အသည်းကို သန့်စင်ပေးတဲ့ အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ အသည်းထဲမှာရှိတဲ့ အင်ဇိုင်းတွေကို နိုးကြွစေပြီး အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ Allicin နဲ့ Selenium ဓာတ် ၂ မျိုးက အသည်းရဲ့ သန့်စင်မှု စနစ်ကို အားကောင်းစေပြီး အသည်းကို အဆိပ်အတောက်များ ထိခိုက်မှုကနေလည်း ကာကွယ်ပေးပါတယ်။

ချက်ထားတဲ့ ကြက်သွန်ဖြူထက် လတ်ဆတ်တဲ့ ကြက်သွန်ဖြူ  ၃ မွှာကို နေ့စဉ် အစိမ်းစားပါက ကျန်းမာရေးအတွက် အာနိသင် ပိုကောင်းပါတယ်။ အစိမ်းစားဖို့ အဆင်မပြေရင်လည်း ကြက်သွန်ဖြူကို  နေ့စဉ် ဟင်းချက်တဲ့အထဲ တတ်နိုင်သမျှထည့်ပြီး စားသုံးသင့်ပါတယ်။

၂။ သံပုယိုသီး

1295735.large

သံပုယိုသီးမှာ ပါဝင်တဲ့ Antioxidant D-Limonene ဓာတ်က အသည်းထဲမှာရှိတဲ့ အဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်တဲ့ အန်ဇိုင်းကို နိုးကြွထောက်ပံ့ပေးပါတယ်။

သံပုယိုသီး မှာ ရှိတဲ့ ဗီတာမင် စီကလည်း အသည်းမှာ အစာခြေအားကို ကောင်းစေတဲ့ အင်ဇိုင်းတွေကို ပိုထုတ်လုပ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။

သံပုယိုသီး တစ်လုံးကို ရေ ၁ တစ်ခရားနဲ့ ဖျော်ပြီး သောက်ပေးပါ။ သံပုယိုသီး ဖျာ်ရည်ထဲမှာ သံပုယိုသီးလေးတွေကို စိပ်ပြီး ထည့်ပေးပါ။ ပျားရည် ထည့်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။

၃။ ထောပတ်သီး

All-About-Avocado-resized

ထောပတ်သီးမှာ ပါဝင်တဲ့ အဟာရ ဓာတ်တွေက အသည်း ပျက်စီးမှု အန္တရာယ်ကို လျော့ချပေးပါတယ်။ အသည်းကို ထိခိုက်နိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ Glutathione ဓာတ်လည်း ပါဝင်ပါတယ်။

အသည်းကျန်းမာရေးကို အထောက်အကူပြုစေတဲ့ သတ္တုဓာတ်တွေ၊ ဗီတာမင်တွေနဲ့ အာဟာရ ဓာတ်ပစ္စည်းများလည်း ပါဝင်ပါတယ်။

တစ်ပတ်ကို ထောပတ်သီး ၁ လုံးကနေ ၂ လုံးလောက် စားပေးပါက လပေါင်း အနည်းငယ်ကြာရင် အသည်းကျန်းမာရေးကို တိုးတက်ကောင်းမွန် စေမှာဖြစ်ပါတယ်။