စိတ်ညစ်စရာတွေရှိလာတဲ့အခါမှာ အကောင်းဆုံးနည်းလမ်းတွေနဲ့ စိတ်ကိုပြန်လည်တည်ငြိမ်လာအောင် လုပ်ပေးနိုင်ဖို့က အရေးကြီးပါတယ်။ အလုပ်ကပင်ပန်းတဲ့ဒဏ်တွေ၊ ကျောင်းစာတွေကြောင့် စိတ်ပင်ပန်းတာမျိုးတွေလည်း ရှိတတ်တယ်လေ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်စရာတွေ၊ စိတ်ပင်ပန်းမှုတွေကြုံတွေ့လာရတဲ့အခါမှာ စိတ်ကိုပြန်ပြီးပြေလာအောင် လုပ်ပေးနိုင်မယ့်နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရေချိုးပေးဖို့သတိရပေးပါ။ စိတ်တွေညစ်နေတဲ့အချိန်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးပြီး တစ်ကိုယ်လုံးကို ဆေးကြောသန့်စင်ပေးလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကိုလည်းလန်းဆန်းလာပြီး ရေနွေးနဲ့ရေချိုးတာကြောင့် သွေးလှည့်ပတ်မှုကိုကောင်းမွန်စေလာမှာပဲဖြစ်ပါတယ်။

အိမ်ထဲမှာစိုက်လို့ရတဲ့ အပင်သေးသေးလေးတွေကို အခန်းထဲမှာထည့်ထားပေးလိုက်ပါ။ ဒါမှမဟုတ်လဲ ရုံးအလုပ်စားပွဲပေါ်မှာ အပင်လေးတွေတင်ထားပေးမယ်ဆိုရင် စိတ်ကိုပြန်လည်လန်းဆန်းလာစေမှာပဲဖြစ်ပါတယ်။

အနံ့သင်းသင်းလေးနဲ့မွှေးတာမျိုးလေးတွေကို ရှူပေးလို့လည်းရပါတယ်။ စိတ်ညစ်နေတဲ့အချိန်မျိုးတွေမှာ လီမွန်အနံ့လိုမျိုး သင်းသင်းလေးနဲ့ မွှေးတာမျိုးတွေကိုရှူပေးမယ်ဆိုရင် စိတ်ကိုလန်းဆန်းလာစေပြီး စိတ်ညစ်စရာတွေကိုလည်း မေ့သွားစေမှာပါ။

ဘယ်လိုနေရာတွေကို ခရီးထွက်ရမလဲဆိုတာကို ရှာကြည့်ပါ။ စိတ်ညစ်နေတဲ့အချိန်မှာ ဒီစိတ်ညစ်စရာတွေကိုပဲထိုင်ပြီး စဉ်းစားနေမယ့်အစား ဘယ်လိုနေရာမျိုးတွေကို ခရီးထွက်ရင်ကောင်းမလဲဆိုပြီး လှပတဲ့နေရာလေးတွေကိုရှာကြည့်လိုက်ပါ။ စိတ်ရှုပ်စရာတွေကိုလျော့နည်းသွားစေမယ်လို့ လုံးဝအာမခံတယ်နော်။

Photo Source: Purenow