ကိုယ်အလေးချိန်တွေ အများကြီးဖြစ်နေလို့ စိတ်ညစ်နေပါသလား။ ကိုယ်အလေးချိန်တွေ ကျဆင်းအောင် ကူညီပေးနိုင်တဲ့ ဖျော်ရည်များအကြောင်းကို ပြောပြချင်ပါတယ်။

ဇီးသီး ဖျော်ရည်

ဇီးသီး ဖျော်ရည်ကတော့ မြန်မာတွေနဲ့ မစိမ်းလှပါဘူး။ ဇီးသီး ၁၀၀ ဂရမ်ကို ဆေးပြီး ပုလင်းတစ်လုံးထဲထည့်ထားပါ။ ရေ ၂လီတာထည့်ပါ။ ဇီးသီးတွေကို ၁ ပတ်အကြာမှာ ဆယ်ပြီး အဲ့ဒီအရည်ကို ရေခဲသေတ္တာထဲထည့်ထားပါ။

မနက်မိုးလင်းတိုင်း ၁ ခွက်သောက်ပေးပါ။

ဇီးသီး ကခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ သူ့မှာ ဗီတာမင် A, ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သွယ်လျစေပါတယ်။ တစ်နေ့ကို တစ်ခွက်ထက်တော့ ပိုမသောက်ပါနဲ့။

ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်

အခန်းတွင်း အပူချိန်ထဲမှာ ရေတစ်ခွက်ကို ထည့်ပါ။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ထည့်ပါ။ သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း တစ်ဇွန်းရဲ့ တစ်ဝက်ကို ထည့်ပါ။ သေချာ မွှေပါ။ မနက်မိုးလင်း ဘာမှမစားခင်မှာ တစ်ခွက်သောက်ပေးပါ။

သစ်ကြမ်းပိုးခေါက်က သွေးအတွင်း သကြားဓာတ်ကို လျော့ချပေးပြီး အစာခြေနစ်ကို ထောက်ပံ့ပေးကာ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အားကောင်းစေပါတယ်။ တခြားအစား ပျားရည်သုံးရင် ခန္ဓာကိုယ်အလေးချိန်တက်ခြင်းကနေ ကာကွယ်ပေးတယ်လို့ သိပ္ပံနည်းကျ သုတေသနတွေက ဆိုထားပါတယ်။

သံပုရာသီးနှင့် ဂျင်း ဖျော်ရည်

ရေတစ်ခွက်ထည့်ထားပါ။ သံပုရာသီး တစ်လုံးရဲ့ တစ်ဝက်ကို ညှစ်ထည့်ပါ။ ဂျင်း တစ်ပိုင်းရဲ့ တစ်ဝက်ကို ထောင်းပြီး ထည့်ပါ။ နှံ့စပ်အောင် မွှေပါ။ မနက်မိုးလင်းရင် တစ်ခွက်သောက်ပေးပါ။

ဂျင်းက ကိုယ်အလေးချိန် ကျဆင်းဖို့ အကောင်းဆုံးဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ရောင်ရမ်းတာကိုလည်း သက်သာစေပါတယ်။ သံပုရာသီးက ကျောက်ကပ်၊ အဆိပ်အတောက်တွေ ဖယ်ရှားပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။