နနွင်းက မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ တွေ့ရလေ့ရှိတဲ့ ဟင်းခတ်မှုန့်တစ်ခုပါ။

နနွင်းမှာ ကျန်းမာရေးနဲ့ အလှအပအတွက် အသုံးပြုနိုင်ပါတယ်။

မျက်နှာပေါင်းတင်မယ်

အသားအရ ဖြူစင်ဝင်းပစေဖို့ နနွင်း နဲ့ ပျားရည် (သို့) နနွင်းနဲ့ ဒိန်ချဉ်ကို ရောပြီး ပေါင်းတင်ပေးပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။ ဝက်ခြံကင်းစင်ပြီး အရေးကြောင်းကင်းတဲ့ အသားအရေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

အပူလောင်တာကို သက်သာစေတယ်

အပူလောင်တယ်ဆိုရင် နနွင်းရယ် ရှာေးစာင်းလက်ပက်ရယ်ရောပြီးလိမ်းပေးပါ။

ဗောက်ပျောက်စေတဲ့နနွင်း

ဗောက်ပျောက်ဖို့အတွက် နနွင်းရယ် အုန်းဆီရယ်ရောပြီး ဦးရေပြားပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ၄၅ မိနစ်လောက်ထားပြီး ရေနွေးနဲ့ ခေါင်းလျှော်ပါ။

ခြေထောက် အက်ကွဲတာတွေအတွက်

ခြေထောက်ကွဲတ်ဆိုရင် နနွင်းနဲ့ အုန်းဆီနဲ့ရောပြီး ခြေထောက်ပေါ်မှာ လိမ်းပေးပါ။ မိနစ် ၃၀ ၊ ၄၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

အရက်နာကျခြင်း

အရက်နာကျတယ်ဆိုရင် နနွင်းရယ် ဂျင်းရယ် သံပုယိုရည်ရယ် ငရုတ်ကောင်းမှုန့်အနည်းငယ်ရယ် ရောဖျော်ပြီး သောက်ပေးပါ။