သက်ရှည်ကျန်းမာဖို့အတွက် ဆေးဝါးတွေကို တကူးတကမှီဝဲစရာမလိုပါဘူး။ အစာလည်းဆေး ဆေးလည်းအစာပါပဲ။

lemon

သံပုယိုသီးနဲ့ ကြက်သွန်ဖြူကတော့ အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ အဖိုးမဖြတ်နိုင်တာမို့ အဲဒီအရာနှစ်မျိုးကိုရောပြီး သောက်သုံးတာဟာလည်း ကျန်းမာရေးအတွက် အရမ်းကိုအကျိုးထူးပါတယ်။

Two bulbs and clove of garlic, isolated on white background

သွေးတွင်းကိုလက်စထရောပါဝင်မှုကိုလျှော့ကျစေပြီး နှလုံးသွေးကြောပိတ်တာကို သန့်စင်ပေးနိုင်သလို သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။

သွေးတွင်းမှာမကောင်းတဲ့ကိုလက်စထရောတွေပါဝင်မှုများနေတာဟာ နှလုံးသွေးကြောပိတ်တာကိုဖြစ်စေပြီး နှလုံးရောဂါအပါအဝင် နှလုံးနဲ့ဆက်စပ်တဲ့ တခြားရောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။

ဒီတော့ လွယ်လွယ်ကူကူပဲ အိမ်မှာ ဆေးဖော်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်း

Garlic-and-lemon

သံပုယိုသီး ၆ လုံး

ကြက်သွန်ဖြူ အမွှာ ၃၀

ပြုလုပ်နည်း

How-to-Lose-Belly-Fat-Fast-by-Using-GarlicHow-to-Roast-Peeled-Garlic-in-the-Oven-5pasta-with-fried-lemon9

ကြက်သွန်ဖြူကို အခွံနွှာလိုက်ပါ။ ပြီးရင် သံပုယိုသီးနဲ့ ကြက်သွန်ဖြူကို အတုံးသေးသေးလေးလှီးပြီး ဖျော်စက်ထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီးမွှေလိုက်ပါ။

ပြီးရင် အိုးတစ်လုံးထဲပြောင်းထည့်ပြီး ရေ ၂ လီတာထည့်ကာ ပွက်ပွက်ဆူအောင်သည်ပါ။

ဆူလာပြီဆိုရင် မီးအပူရှိန်ကိုနည်းနည်းလျှော့ပြီး ၅ မိနစ်လော်ကထပ်သည်ထားပါ။ ပြီးရင် ခရားတစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာသိပ်ထားပါ။

သောက်သုံးခြင်း

lemonandgingerinfusedhoney2

အဲဒီဖျော်ရည်ကို ၃ ပတ်လောက်ဆက်တိုက်သောက်ပေးပါ။ တစ်ပတ်ကို တစ်ခါလုပ်ပါ။ ၃ ပတ်အနည်းဆံးနဲ့ ၆ ပတ်အများဆုံးပဲသောက်ပေးရမှာပါ။ တစ်နေ့ကို ၅၀ မီလီလီတာသောက်ပေးရမှာပါရှင့်။

၆ တစ်ခါ ဒီလိုသောက်ပေးနိုင်ပါတယ်။

Source: omigy