ဂျင်းဆိုတော့ မြန်မာတို့ရဲ့ မီးဖိုချောင်းတိုင်းမှာ မရှိမဖြစ် ရှိနေမယ့် ဟင်းခတ်အမွှေးအကြိုင် ဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်။ သံပုယိုသီးကလည်း ဝယ်ရလွယ်သလို အိမ်တိုင်းလိုလိုမှာလည်း ဆောင်ထားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဂျင်းနဲ့ သံပုယိုသီးရောပြီး သောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာကို မျှဝေပေးပါမယ်။

၁။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ခြင်း

Homemade-Ginger-Tea-Recipe-And-Its-Benefits2

ဂျင်းမှာ Antioxidant ပါဝင်ပြီး သံပုယိုသီးမှာ ဗီတာမင် C ပါဝင်လို့ သင့်ခန္ဓာကိုယ်အတွင်း ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

၂။ အစာမကြေခြင်းနဲ့ ပျို့အန်ခြင်းကို သက်သာစေခြင်း

အစာမကြေခြင်း၊ ပျို့အန်ခြင်းတွေကို သက်သာစေဖို့အတွက် သောက်သုံးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း သောက်သုံးလို့ရပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်တာနဲ့ အစာမကြေခြင်းကိုလည်း အထိရောက်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။

၃။ ဆီးချိုအတွက်ကောင်းမွန်စေခြင်း

အခုလို သံပုယိုသီးနဲ့ ဂျင်းကိုသောက်ပေးတာဟာ ကျောက်ကပ်ကို ကျန်းမာစေသလို အင်ဆူလင်ပမာဏကို ထုတ်ပေးနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို လျှော့ကျစေပါတယ်။ ဒါ့အပြင် သွေးဖိအားများတာကို သက်သာစေသလို၊ နှလုံးကိုလည်း ကျန်းမာစေပါတယ်။

၄။ ကိုယ်အလေးချိန်ကျစေခြင်း

combat

ဂျင်းဟာ ခန္ဓာကိုယ်အတွင်း အဆီဓာတ်စုပ်ယူမှုကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုကိုသက်သာစေပါတယ်။ သံပုယိုသီးနံ့ကလည်း စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်လို့ ကိုယ်အလေးချိန်ကျစေပါတယ်။

၅။ အသားအရေနဲ့ ဆံကေသာအတွက်ကောင်းမွန်ခြင်း

စောစောက ပြောခဲ့သလိုပဲ အဲဒီ သံပုယိုရည်နဲ့ ဂျင်း လက်ဖက်ရည်မှာ Antioxidant ပါဝင်လို့ အသားအရေ ဆံကေသာနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဗီတာမင်ဓာတ်ပါဝင်လို့လည်း သင့်အသားအရေကို ပိုမိုကောင်းမွန်စေမှာဖြစ်သလို ဆံကေသာအတွက်လည်းကောင်းမွန်ပါတယ်။

ဂျင်းနဲ့ သံပုယိုသီးကို ဘယ်လိုဖျော်မလဲ

5_Reasons_Why_You_Should_Drink_Ginger_Lemon_Tea

အရင်ဆုံး ဂျင်းကို အခွံနွှာပြီး အတုံးသေးသေးလေး လှီးလိုက်ပါ။ ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း သုံးပါမယ်။

သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက် သုံးပါမယ်။

ပျားရည် နည်းနည်းသုံးပါမယ်။

ရေတစ်ခွက်ကို ပွက်ပွက်ဆူအောင် သည်ထားလိုက်ပါ။ ပြီးရင် ဂျင်းနဲ့ သံပုယိုရည်ထည့်လိုက်ပြီး မိနစ်အနည်းငယ်လောက် မွှေပေးပါ။ ပြီးရင် ပျားရည်ထည့်ပြီး ပူပူလေးသောက်နိုင်သလို အအေးခံပြီးလည်းသောက်နိုင်ပါတယ်။

မနက်စာမစားခင် တစ်ခွက်သောက်ပေးရပါမယ်။