အလိုအလျှောက် ခြေထောက် ကြွက်သားတွေမှာ ကွက်ပြီး၊ ရုတ်တရက်နာတာကို ခေါ်တယ်။ ညပိုင်းမှာ ဖြစ်တာများတယ်။ ဘာလို့ဖြစ်သလဲ ရှင်းရှင်းလင်းလင်း မသိသေးပါ။ ဖြစ်နိုင်ခြေများတာတွေ ရှိတယ်။ ကိုယ်ဝန်ဆောင်၊ ကိုယ်လက်လှုပ်ရှား-အားကစား၊ ဓါတ်ဆား-မျှခြေပျက်ခြင်း၊ အဖျားပိုင်း အာရုံကြော-သွေးကြော-ကြွက်သား ရောဂါများ၊ ကျောက်ကပ်စစ်ယူမှု ချို့ယွင်းခြင်းနဲ့ တချို့ဆေးဝါးတွေကြောင့် ဖြစ်မယ်လို့ ထင်ရတယ်။ ဘာလို့ ဖြစ်မှန်းမသိတာလဲ ရှိတယ်။ အသက်ကြီးလာလေ အဖြစ်များလေ။

RCTs ခေါ် စနစ်တကျလေ့လာမှု ၁၂ ခုလုပ်ခဲ့တယ်။ Analgesics အနာသက်သာဆေးများ၊ Anti-epileptic drugs အတက်သက်သာဆေးများ၊ Calcium salts ကယ်လ်စီယမ်ဓါတ်ဆား၊ Compression hosiery ခြေထောက်ကို ကြပ်ကြပ်စည်းတဲ့ ခြေအိတ်၊ Magnesium salts မက်ဂနီဆီယမ်ဓါတ်ဆား၊ Multivitamin and Mineral supplements ဗီတာမင်နဲ့ ဓါတ်ဆားများ၊ Quinine alone ကွီနင်းဆေး၊ Quinine with Theophylline ကွီနင်း + သီယိုဖိုင်လင်း၊ Sodium chloride ဆိုဒီယမ်ကလိုရိုက်၊ Stretching exercises ကိုယ်လက်ဆန့်တန်း-လေ့ကျင့်ခန်းတွေကို စမ်းသပ်ခဲ့တယ်။

Quinine ငှက်ဖျားဆေးကနေ သိသိသာသာသက်သာစေတယ်။ ဒါပေမဲ့ ဆေးကို ဘယ်လောက် အလေးချိန်နဲ့ ဘယ်လောက် ကြာကြာ ပေးရမယ်ဆိုတာ အတိအကျ မသိရသေးဘူး။ Quinine ငှက်ဖျားဆေးနဲ့အတူ Theophylline သီယိုဖိုင်လင်းဆေးပါတွဲပေးရင် ကွီနင်းတမျိုးတည်းပေးတာထက် ပိုပြီးသက်သာမယ်လို့ ယူဆတယ်။ Quinine ဆေးကြောင့် နှလုံးခုန်မမှန်တာ၊ Thrombocytopenia သွေးမှုံနည်းတာ၊ ဆေးနဲ့ မတည့်တာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ လုံးဝမသင့်တာတော့ သိကြပြီးသားပါ။

အနာသက်သာဆေးတွေ၊ အတက်သက်သာဆေးတွေ၊ ကယ်လ်စီယမ်၊ Compression hosiery ခြေထောက်ကို ကြပ်ကြပ်စည်းတဲ့ ခြေအိတ်၊ မက်ဂနီဆီယမ်၊ ဗီတာမင်နဲ့ ဓါတ်ဆားတွေရဲ့ ထိရောက်မှုကို အသေအချာမပြောနိုင်ပါ။

ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုအရ ထွက်လာတဲ့ ရလဒ်တွေ –

၁။ Quinine ငှက်ဖျားဆေး ကွီနင်းပေးတာဟာ ညအချိန် ကြွက်တက်တာကို ၄ ပါတ်မှာ သက်သာစေတာ အတိအကျ သိရတယ်။ ကလိုရိုကွင်းလည်းပေးနိုင်တယ်။ ဘယ်လောက်ပေးရမယ်လို့ အတိအကျ မပြောနိုင်သေးပါ။

၂။ Quinine + Theophylline

Quinine တမျိုးထဲပေးတာတထက် Theophylline နဲ့ပါတွဲပေးတာဟာ ပိုသက်သာစေတယ်ဆိုတဲ့ အထောက်အထား နည်းနည်းလေးသာ တွေ့ရသေးတယ်။

၃။ Analgesics အနာ-အကိုက် သက်သာဆေးတွေ

ဒီလိုဆေးတွေပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ တိကျတဲ့ အထောက်အထား မရှိသေးပါ။

၄။ Vitamin E

ဗီတာမင်အီးပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ အထောက်အထားမရှိပါ။

၅။ Magnesium salts မက်ဂနီဆီယမ်ဓါတ်ဆား

ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် Magnesium lactate, Magnesium citrate ပေးတာ ၃ ပါတ်နေရင် သက်သာစေတယ်လို့ အထောက်အထား တွေ့ရတယ်။

၆။ Calcium Salts ကယ်လ်စီယမ်ဓါတ်ဆား

ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် ကယ်လ်စီယမ်ပေးရင် သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။

၇။ Multivitamins and minerals ဗီတာမင်များ

ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေပေးတာနဲ့ သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။

အေးတဲ့အချိန် သတိထားသင့်။ သွေးစီးလျှောက်တာနည်းတဲ့နေရာ ဥပမာ ခြေဖဝါး၊ ခြေသလုံး၊ ပေါင်လိုနေရာကို နှိပ်နယ်တာ သင့်။ အဲလိုနေရာတွေကို လေ့ကျင့်ခန်းလုပ်သလို လှုပ်ရှားမှုလုပ်ပေးနေသင့်။ ဓါတ်ဆားရည်သောက်သင့်။