အရသာလည်းရှိပြီး အာဟာရဓါတ်ကြွယ်ဝတဲ့ ရေမုန်ညှင်းကို အိမ်တွင်းဆေးတစ်ခွက်အနေနဲ့ အသုံးပြုလို့ရပါသေးတယ်။ ရေမုန်ညှင်းဟာ ချောင်းဆိုးရင်ကျပ်တာ၊ အဖျားကူးလွယ်တာ ၊ ချွဲသလိပ်၊ ချောင်းဆိုးတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

Source: healthwantcare.com

ရေမုန်ညှင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

Source: The Guardian Nigeria

သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ Antioxidant ပါဝင်ခြင်း၊ ကင်ဆာဆန့်ကျင်တဲ့ အကျိုးကျေးဇူးတွေရှိခြင်း၊ ဆီးချိုအတွက်ကောင်းမွန်ခြင်း၊ အရိုးသန်မာစေခြင်း၊ အအေးမိဖျားနာသက်သာစေခြင်း၊ အစာချေစနစ်ကောင်းမွန်စေခြင်း၊ မျက်လုံးကိုကျန်းမာစေခြင်း၊ အသားအရေကို နုပျိုစိုပြေစေခြင်း၊ သွားတွေကို ခိုင်မာစေခြင်း၊ ဆံသားကို ကျန်းမာစေခြင်းတွေအပြင် သိုင်းရွိုက်ဂရင်းကိုလည်း သက်သာစေပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ရေမုန်ညှင်းနဲ့ ဘယ်လိုကုသမလဲ

၁။ ရေမုန်ညှင်းလတ်လတ်ဆတ်ဆတ်ကို ၁ အောင်စလောက် တစ်နေ့ကို ၂ ကြိမ် (သို့) ၃ ကြိမ်စားသုံးပေးပါ။

၂။ ရေမုန်ညှင်းကိုပြုတ်ပြီး ရလာတဲ့အရည်ကို ခပ်နွေးနွေးသောက်ပေးပါ။

Source: Natural Healthy Team

၄။ ရေမုန်ညှင်းတစ်စည်းကို မုန်လာဥနီ ၂ဥ (သို့) ၃ ဥနဲ့ ဂျင်း လက်မဝက်ရောပြီး ဖျော်ရည်လုပ်ကာ သောက်ပေးပါ။

ဘယ်လိုတွေစားသုံးနိုင်သေးလဲ

ရေမုန်ညှင်းကိုသုတ်ပြီးလည်းစားသုံးနိုင်သလို တခြားအသီးအရွက်ဖျော်ရည်တွေနဲ့ ရောကြိတ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

သတိပြုရန်

Source: Organic Facts

ဆီးအိမ်ရောင်နေတဲ့ လူနာတွေကတော့ ရှောင်သင့်ပါတယ်။ ဒါမှမဟုတ် အကန့်အသတ်နဲ့ စားသင့်ပါတယ်။ Hyperthyroid ရှိတဲ့သူတွေလည်း အတန်အသင့်သာ စားသုံးပေးသင့်ပါတယ်။ အိုင်အိုဒင်းဓါတ် ပါဝင်မှုများလို့ဖြစ်ပါတယ်။ ဆေးဝါးတစ်ခုခုမှီဝဲနေရတဲ့သူဖြစ်ရင်တော့ ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။