အဝါရင့်ရောင် ပျင်းပျင်းနဲ့ အနံ့ကော အရသာရောပါ ဒီအတိုင်းစားရင် စိတ်ညစ်ဖို့ကောင်းတဲ့ နနွင်းမှာ ကျန်းမာရေး ကောင်းကျိုးတွေ အများကြီးရှိပါတယ်။

လူတွေ တော်တော်များများက နနွင်းက ကင်ဆာရောဂါကို တိုက်ဖျက်နိုင်သလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။

နနွင်း

နနွင်းကို Curcuma Longa အပင်ကနေ ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယမှာ ပေါက်တာများပါတယ်။ အိန္ဒိယနိုင်ငံသားတွေရဲ့ အစားအစာတွေ ဟင်းလျာတွေမှာ နနွင်းကိုအဓိက ထည့်ပြီး ချက်တာ နှစ်ပေါင်း ရာနဲ့ချီနေပါပြီ။ အခုတော့ ကမ္ဘာတစ်ဝှမ်းက ဟင်းလျာတွေမှာ နနွင်းတွေကို အဓိက သုံးနေကြပါပြီ။

Tumeric Lemon Water

နနွင်းမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာနိသင်တွေအများကြီးရှိပါတယ်။ မြောက်များစွာသော သိပ္ပံစမ်းသပ်ချက်တွေအရ နနွင်းက ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ သတ္တိရှိတယ်လို့ ဆိုကြပါတယ်။

အဲ့ဒီအပြင် အသည်းရောဂါတွေ ဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ နနွင်းမှာ ရောင်ရမ်းတာတွေကျစေတဲ့ ဓာတ်ပါဝင်တာကြောင့် အထူးသဖြင့် အရက်သောက်လို့ အသည်းရောင်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နနွင်းမှာ ခန္ဓာကိုယ်က ဆဲလ်တွေကို ကုသကာကွယ်ပေးနိုင်တဲ့ Antimicrobial ဓာတ်၊ Antioxidant နဲ့ Antiviral ဓာတ်တွေပါဝင်တာကြောင့် ဦးနှောက်ကို အားကောင်းစေကာ အယ်ဇိုင်းမားရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

နာတာရှည် ရောင်ရမ်းတာတွေနဲ့ DNA ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ ဆဲလ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ကင်ဆာ ဖွံ့ဖြိုးမှုတွေကို ကာကွယ်ပေးတယ်လို့ စမ်းသပ်ချက်များအရသိရပါတယ်။ ဒါပေမယ့် ကင်ဆာ ရောဂါကို ပျောက်ဖို့ ဘယ်လောက် ပမာဏ စားသုံးပေးရမလဲဆိုတာတော့ တိတိကျကျ မသိကြသေးပါဘူး။

တချို့ဆရာဝန်တွေက တစ်နေ့ကို နနွင်း ၃.၅ ဂရမ် စားသုံးရင် ကင်ဆာဆဲလ်တွေနဲ့ ကင်ဆာ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်တယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် ကင်ဆာ ဖြစ်ပွားနေသူတွေကလည်း ကိုယ်စားတဲ့ ဟင်းလျာတွေထဲမှာ နနွင်းကို ထည့်သွင်းချက်ပြုတ်စားသောက်သင့်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဆင့်မြင့် သရက်ရွက် ကင်ဆာ ဖြစ်ပွားနေတဲ့ လူနာ တစ်ဖွဲ့ကို တစ်နေ့ကို 400 mg နနွင်းနဲ့ စမ်းသပ် ကုသခဲ့ရာ သူတို့ရဲ့ အကြိတ်တွေ သေးသွားတာကို သိခဲ့ရပါတယ်။

နနွင်းနဲ့ ရင်သားကင်ဆာ

နနွင်းက ရင်သား ကင်ဆာကို တိုက်ခိုက်ရမှာ အကောင်းဆုံး သဘာဝဆေးဖြစ်ပါတယ်။ နနွင်း ကြောင့် Apoptosis ဆိုတဲ့ ဖြစ်စဉ်က ခန္ဓာကိုယ်ထဲမှာ ဖြစ်လာပါတယ်။ အဲ့ဒီဖြစ်စဉ်က ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ နေလို့မရအောင်ဖြစ်ပြီး ကင်ဆာဆဲလ်တွေက သူ့အလိုလို ပျက်စီးသွားပါတယ်။

prevent-breast-cancer

နနွင်းကို အစားအစာတွေမှာ ဘယ်လိုထည့်စားမလဲ

နနွင်းက ကျန်းမာရေးအတွက် အရမ်းကောင်းပေမယ့် အနံ့အသက်နဲ့ အရသာကတော့ ဆိုးရွားလှပါတယ်။ ဒါကြောင့် ကိုယ်စားနေကျ အစားအစာတွေမှာ ဘယ်လို အဆင်ပြေပြေထည့်စားလို့ရလဲဆိုတာ ဝေမျှချင်ပါတယ်။

ထမင်း

ထမင်းကြော်တို့ ကြော်စားလို့ရှိရင် နနွင်းကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း လောက်ထည့်ပြီး ကြော်ပြီး စားပေးပါ။

ကြက်ဥ

ကြက်ဥကို ရိုးရိုးဆီနဲ့ ဆားနဲ့ ကြော်တာဘဲဖြစ်ဖြစ် နွားနို့ထည့်ပြီး ကြော်တာဘဲဖြစ်ဖြစ်မှာ နနွင်းလေး အနည်းငယ် ထည့်ပေးပြီး ကြော်ပါ။

Smoothies

ငှက်ပျောသီး၊ ပျားရည်၊ သံပုရာသီး၊ နနွင်း တို့ကို ဖျော်ပြီး Smoothies လုပ်သောက်လို့ရပါတယ်။ ထည့်ချင်ရင် ဂျင်းအနည်းငယ်နဲ့ အုန်းနို့ပါ ထည့်သောက်လို့ရပါတယ်။