ဦးနှောက်မှတ်ဉာဏ်အားကိုမြှင့်တင်ပေးတဲ့ အရာတစ်ခုအဖြစ်အထူးလူသိများတဲ့ မြင်းခွာရွက်ကို ရာစုနှစ်ပေါင်းများစွာ ဆေးဝါးအဖြစ် စွဲစွဲမြဲမြဲအသုံးပြုနေကြဆဲပါ။ အခြားအမွှေးအကြိုင်တွေနဲ့မတူဘဲ မြင်းခွာရွက်မှာ တန်ဖိုးရှိတဲ့ သဘာဝဒြပ်ပေါင်းတွေ၊ အယ်လ်ကာလွိုက်တွေနဲ့ အခြားအစွမ်းသတ္တိတွေလည်း ပါဝင်လို့ သင့်အတွက်ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းကျိုးတွေပေးစွမ်းနိုင်ပါတယ်။

မှတ်ဉာဏ်အားမြှင့်တင်ပေးခြင်း

သဘာဝဒြပ်ပေါင်း၊ အစွမ်းသတ္တိတွေအပြည့်ပါဝင်သည့် မြင်းခွာရွက်သည် ဦးနှောက်စွမ်းအားမြှင့်တင်ပေးပြီး မှတ်ဉာဏ်စွမ်းရည်နဲ့ အာရုံစူးစိုက်နိုင်စွမ်းရည်တို့ကို တိုးတက်စေပါတယ်။

စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ဖိစီးမှုတို့ကိုလျော့ကျစေခြင်း

မြင်းခွာရွက်သည် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းပမာဏကိုလျော့ကျစေပြီး စိတ်နဲ့ကိုယ်ကို သဘာဝအတိုင်းငြိမ်သက်အေးချမ်းမှုရရှိစေပါတယ်။ ဒါကြောင့် စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ဖိစီးမှုတို့ကိုလျော့ကျစေရန်အတွက် မြင်းခွာရွက် သုံးရွက်လောက်ကို အချိန်အခါသင့်တိုင်း ဝါးစားပေးပါ။

နီရဲရောင်ရမ်းမှုကိုလျှော့ချပေးခြင်း

အကယ်၍သင့်မှာ အသားအရေရောင်ရမ်းခြင်း၊ နီရဲတတ်တဲ့ဝေဒနာကို ခံစားနေရတယ်ဆိုရင် မြင်းခွာရွက်ကို စားပေးပါ။ ဒါမှမဟုတ်လည်း မြင်းခွာရွက်ကို နီရဲရောင်ရမ်းနေတဲ့ အသားအရေပေါ်မှာ ပွတ်လိမ်းပေးခြင်းဖြင့်လည်း သက်သာရာရစေနိုင်ပါတယ်။

သွေးချိုကိုပုံမှန်လည်ပတ်စေခြင်း

ဆီးချိုရောဂါရှိသူများအတွက် သွေးချိုပမာဏကိုပုံမှန်လည်ပတ်စေနိုင်တဲ့ မြင်းခွာရွက်သည် လွန်စွာအထောက်အကူပြုနိုင်ပါတယ်။ မြင်းခွာရွက်ကို မှန်မှန်စားသုံးပေးခြင်းက ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးနိုင်ပြီး ဆီးပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။