ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကိုယ်အလေးချိန်ကို ဒူးက ထမ်းထားရပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်များလာတာကြောင့် ဒူးနာတာမျိုးတွေဖြစ်လာတတ်ပါတယ်။

ခဏတဖြုတ် ဒူးနာတာရှိသလို ကာလရှည် ဒူးနာနေရင်တော့ ဆေးရုံ၊ဆေးခန်းမှာ သေချာပြသသင့်ပါတယ်။

ဒူးနာခြင်း

အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းကြောင့်

ကိုယ်အလေးချိန်များခြင်းကြောင့်

အားကစားလုပ်ခြင်း ဥပမာ အပြေးလေ့ကျင့်မှုကြောင့် အရွတ်ပြဲသွားခြင်း စတာတွေကြောင့် ဒူးနာတတ်ပါတယ်။

ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်က အရောင်ကျစေပါတယ်။ အစိမ်းရောင် ဂေါ်ဖီထုပ်ကို ရေပွက်ပွက်ဆူတဲ့အထဲမှာ မိနစ်အနည်းငယ်လောက် တည်ထားပါ။ ပြီးရင် ရေတွေ စင်အောင် ဆယ်လိုက်ပါ။ ရောင်ရမ်းနေတဲ့ ဒူးခေါင်းမှာ ကပ်ပြီး အဝတ်နဲ့ စီးထားပါ။ မိနစ် ၃၀လောက်ကပ်ထားလိုက်ရင် အရောင်ကျပြီး ဒူးနာတာသက်သာ ပျောက်ကင်းသွားပါလိမ့်မယ်။ ဒီနည်းအတိုင်းနဲ့ဂေါ်ဖီထုပ်ကို ဒူးရောင်တာတင်မကဘဲ တခြားနေရာတွေမှာ ရောင်ရမ်းနေရင်လည်း အသုံးပြုလို့ရပါတယ်။