ဟင်းချက်တဲ့အခါမှာ အဖုံးလှန်ပြီးရင် အဲ့ဒီအဖုံးကို ဘယ်နားထားရမှန်းမသိတဲ့ အခြေအနေတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလို ကိစ္စသေးသေးလေးတွေကလည်း ဟင်းချက်တဲ့အချိန်မှာ အနှောင့်အယှက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဟင်းချက်ရာမှာ အသုံးတည့်တဲ့ တီထွင်ကြံဆမှုကောင်းတဲ့ မီးဖိုချောင်သုံးပစ္စည်းများကို ဝေမျှချင်ပါတယ်။

အိုးအဖုံးနဲ့ ယောင်းမတင်လို့ရတဲ့ ပစ္စည်း

အိုးအဖုံးကို ထောင်ထားလို့ရပြီး ယောင်းမကိုလည်း တင်ထားလို့ရပါတယ်။ ဒါက ဟင်းချက်တဲ့နေရာမှာ တခြားနေရာတွေမှာ ဆီစက်တွေမကျအောင် ကူညီပေးမှာပါ။

ရေစစ်တဲ့ အတန်း

16267710-s-l1600-1499892285-650-2b8e118146-1506720845

ပန်းကန်ဆေးပြီးရင် တခါတည်း ရေစစ်တဲ့ အတန်းလေး တင်ထားပြီး စစ်လို့ရပါတယ်။ ဒီလိုအတန်းလေးက ဘေစင်မှာလည်း တပ်ဆင်ထားလို့လည်းရပါတယ်။

ဇွန်း၊ ခရင်းဆေးတဲ့ ခွက်

16267660-cutlery_cleaner-1-1499892867-650-a462131230-1506720845

ဒီခွက်လေးက စားသောက်ဆိုင်တွေမှာတော့ အတော်အသုံးဝင်မှာပါ။ ခွက်ထဲမှာ ဘလက်ရှ်တွေပါဝင်တာကြောင့် ဇွန်း၊ခရင်း၊ဓားတွေကို ရေဆေးပြီး ခွက်ထဲထည့်ပြီးပြန်ထုတ်လိုက်တာနဲ့ ဆပ်ပြာတိုက်ဆေးကြောပြီးသားဖြစ်သွားမှာပါ။

အလွယ်တကူ လှီးတဲ့စက်

16267610-1452307088854400-1499893543-650-fb839338d4-1506720845

ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတာတွေကို အလွယ်တကူ လှီးနိုင်ဖို့ ကူညီပေးပါတယ်။

16267560-1452307090726149-1499893565-650-fb839338d4-1506720845

ဒါကြောင့် ဟင်းချက်ရာမှာ အချိန်သိပ်ကုန် သက်သာတော့မှာဖြစ်ပါတယ်။

 

ခွက်လေးတွဲလျက်ပါတဲ့ စဉ်းနှီးတုံး

16267460-71bvwq1ZWzL_SL1500_-1500366597-650-b53abaa838-1506720845

လှီးထားတဲ့ အစားအစာတွေကို တခါတည်း ခွက်ထဲကို အလွယ်တကူ သိမ်းကျုံးထည့်နိုင်မယ့် စဉ်းနှီးတုံးဖြစ်ပါတယ်။

ခေါက်လို့ရတဲ့ စဉ်းနှီးတုံး

16267310-foldable-cutting-board-600x842-1499895629-650-a3f3c1340b-1506720845

စဉ်းနှီးတုံးပေါ်မှာလှီးပြီး တခါတည်း အိုးထဲကို မဖိတ်မစင်ဘဲ ထည့်နိုင်တဲ့ စဉ်းနှီးတုံးလေးဖြစ်ပါတယ်။ စဉ်းနှီးတုံးလေးက ခေါက်လို့ရတာကြောင့် အစားအစာတွေ မဖိတ်စင်နိုင်တော့ပါဘူး။