မနက်စာလိုပဲ နေ့လည်စာဟာ သိပ်ကိုအရေးကြီးပါတယ်။ American Academy of Pediatrics’ Healthy Children ၀ဘ်ဆိုက်မှာ နေ့လည်ဘက် ကျောင်းချိန်မှာ ကလေးတွေ စားတဲ့နေ့လည်စာတွေ၊ သရေစာတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သိပ်ကိုအရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။ ကလေးတွေ နေ့လည်စာပုံမှန်မစားဘူး အဟာရပြည့်ဝတဲ့နေလည်စာမစားဘူးဆိုရင် ဘာတွေ ဆိုးကျိုးရှိနိုင်လဲ ကြည့်ရအောင်ပါ။

3

အားအင်ယုတ်လျော့မယ်

နေ့လည်ဘက်မှာ စားတဲ့အစာအဟာရမှာ ပါဝင်တဲ့ ကယ်လိုရီဟာ နေ့လည်ခင်းစာသင်ချိန်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်ပေးပါတယ်။ ကလေးတွေအနေနဲ့ ပရိုတင်းဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါဝင်တဲ့ နေ့လည်စာမစားဘူးဆိုရင်တော့ အားအင်ယုတ်လျော့နေမှာဖြစ်ပြီး သာမန်ထက်ပိုပြီး အစာပိုစားမိတာမျိုးဖြစ်လာလို့ ကိုယ်အလေးချိန် တက်တာမျိုး ဖြစ်စေပါတယ်။ ဒါ့အပြင် ဆာလောင်နေပြီး ခေါင်းကိုက်တာ ပင်ပန်းနွမ်းနယ်တာမျိုးဖြစ်စေပါတယ်။ ငယ်ရွယ်ချိန်မှာ အဟာရပြည့်ပြည့်၀၀ စားပေးဖို့အရေးကြီးပါတယ်။

4

ပညာရေးဆိုင်ရာ နှောင့်နှေးမှုရှိနိုင်

အဟာရပြည့်ဝတဲ့ နေ့လည်စာမစားတဲ့ကလေးတွေရဲ့ ဦးနှောက်စွမ်းရည်ဟာ အဟာရပြည့်ဝတဲ့နေလည်စာစားတဲ့ကလေးတွေထက် ဦးနှောက်စွမ်းဆောင်ရည်ပိုလျှော့ပြီး ကျောင်းမှာ အာရုံစိုက်နိုင်မှုအားနည်းတာမျိုးဖြစ်နိုင်ပါတယ်။ နေ့လည်စာမစားရင် ဗီတာမင်နဲ့ သတ္တုဓါတ်ချို့တဲ့နိုင်ပြီး သင်ယူနိုင်မှု စွမ်းအင်လျှော့ကျတာကြောင့် ပညာရေးပိုင်းမှာ နှောင့်နှေးမှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို နေ့လည်စာထည့်ပေးမယ်ဆိုရင် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အသား၊ အဆီနည်းတဲ့ နို့ထွက်အစားအစာတွေကို ထည့်ပေးသင့်ပါတယ်။ ဒါမှ ကျောင်းမှာ သင်တဲ့စာတွေကို အာရုံစိုက်နိုင်ပြီး တခြား Activity တွေကိုလည်း တက်ကြွစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

6

ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိခြင်း

ကျန်းမာရေးနဲ့ညီညွှတ်တဲ့နေလည်စာ မစားရတဲ့ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိဘဲ ကျောင်းစာတင်မက ကျောင်းမှာလုပ်ဆောင်နေတဲ့ အားကစား၊ ပန်းချီ စတဲ့တခြား လုပ်ဆောင်မှုတွေကို တက်တက်ကြွကြွလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အဲဒီအခါ ကိုယ်အလေးချိန်တက်လာပြီး နောက်ပိုင်းမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတာမျိုး ဖြစ်လာနိုင်ပါတယ်။

DSC08740

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ မိုင်လိုက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။