ကလေးတွေ ဆခရင်ကြည်တာများရင် မျက်စိကိုထိခိုက်စေနိုင်

ကနေ့ခေတ်မှာ လူကြီးတွေရော ကလေးတွေပါ ဆခရင်ပါတဲ့ စမတ်ဖုန်း၊ ဂိမ်းကွန်ဆိုလ်၊ ကွန်ပြူတာနဲ့ တက်ဘလက်တွေနဲ့ အချိန်ကုန်တာ များလွန်းနေကြတယ်။ ကလေးတွေအတွက် သတိပေးပါရစေ။ ကနေ့ထွက် ဆေးသုတေသနသတင်း တပုဒ်က ကလေးတွေ ဆခရင်ကြည်တာများရင် မျက်စိကိုထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနလုပ်တာတော့ မများလှသေးပါ။

မျက်မှန်တပ်ရသူတွေ ပိုများလာတယ်။ အနီးမှုံကပိုများတယ်။ ဥရောပမှာ အသက် ၂ဝ အောက် ၄ဝ% ကနေ ၅ဝ% အနီးမှုံကြတယ်။ အရင်တော့ ၂ဝ% နဲ့ ၃ဝ% သာရှိခဲ့တာ။ အရှေ့အာရှမှာလည်း အဲလို ဖြစ်လာတယ်။

ကလေးတိုင်းလိုလို အဲလိုအသုံးအဆောင်တွေနဲ့သာ တွေ့နေရတာကို ခွေး အမဲရိုးရသလိုပဲတဲ့။ သူတို့ဆီမှာတော့ နှိမ်ပြောတဲ့ အသုံးစကားတော့ မဟုတ်ပါ။

သဘာဝနေရောင်နဲ့ထိတွေ့တာ နည်းလာကြတာလည်း မကောင်းပါ။ ကလေးတွေ အိမ်ပြင်ထွက်တာ ပိုများစေသင့်တယ်။

ဆစ်ဒနီမှာ လေ့လာမှုလုပ်တယ်။ အိမ်ပြင်ကို တနေ့ ၂ နာရီသာထွက်သူ တရုပ်သွေးပါတဲ့ ၆ နှစ်အရွယ်ကလေးတွေ ၃% သာ အနီးမှုံကြပြီး စင်္ကာပူမှာ ၃ဝ% အနီးမှုံကြတယ်။

စိုစိုစိမ်းစိမ်း အသီးအရွက်တွေကိုလည်း စားသင့်ကြတယ်။ လူကြီးတွေကတော့ ဆခရင်မ်ကြည့်တာ နည်းကြပါလို့ ပြောမရလောက်။