နောက်ကျော တဘက်တချက်က စူးရှပြီးနာမယ်၊ ပျို့အန်ချင်မယ်ဆိုရင် ကျောက်ကပ်ထဲမှာကျောက်တည်တာဖြစ်နိုင်တယ်။ ကျောက်ကပ်ကနေ အောက်ဆက်တင်းရင် ယူရီတာ ခေါ် ကျဉ်းတဲ့လမ်းထဲရောက်မယ်။ တခါတလေ တစ်နေတတ်တယ်ပြီး နာပါမယ်။ ဆက်ဆင်းလို့ ကျတဲ့ဆီးအိမ်ထဲရောက်ရင် နာတာသက်သာသွားမယ်။ ယူရီသရာ ခေါ် ဆီးသွားတဲ့ပြွန်လေးထဲလည်း တစ်နေတတ်တယ်။ နောက်ပြီးနာပါတယ်။ ကျောက်က ၁-၆ မီလီမီတာလောက် သေးရင် ဆီးထဲ အလိုလိုပါသွားမယ်။

ကျောက် ၄ မျိုးရှိတယ်။ calcium stones ကယ်လ်စီယမ်ကျောက်က ၈ဝ% ရှိတယ်။ ကျန်တာတွေက uric acid stones ယူရစ်အက်စစ်ကျောက်၊ struvite stones ဆထူဗိုက်ကျောက်နဲ့ cystine stones ဆစ်စတင်းကျောက်တွေ ဖြစ်တယ်။

ဆီးထဲကျောက်ပါချိန်မှာ ဆီးအနီရောင်ဖြစ်တတ်တယ်။ နာရင် Ibuprofen, Naproxen ဆေး တခုခုသောက်နိုင်တယ်။ နာတာရှည် ကျောက်ကပ်ရေးရာနဲ့ အသည်းရောဂါရှိသူဆိုရင် ဆေးတွေမသောက်မီ ဆရာဝန်ကိုပြောပါ။ ဆီးကျောက် တခါဖြစ်ဖူးသူ နောက် ၅ နှစ်ကနေ ၇ နှစ်အတွင်း ကျောက်ထပ်ဖြစ်ဖို့ အခွင့်အလမ်း ၅ဝ% ရှိတယ်။ သွေးတိုးရှိနေသူ၊ ဆီးချိုရှိသူနဲ့ လူကဝနေသူတွေမှာ ဖြစ်ဖို့လမ်း ပိုများပါတယ်။ လူနေမှုပုံစံပြောင်းရင် ဖြစ်နိုင်ချေအခွင့်အလမ်း နည်းစေပါတယ်။

ဆီးကျောက်အလိုလိုထွက်မသွားရင် ခွဲစိတ်ပေးရတယ်။ နည်းလမ်းတွေရှိပါတယ်။ Lithotripsy ခေါ် အာလ်ထွာဆောင်းလှိုင်းနည်း၊ Ureteroscopy ခေါ် အောက်ကနေ ကရိယာထည့်ပြီး ဆွဲယူနည်းနဲ့ အစဉ်အလာခွဲစိတ်နည်းတွေရှိတယ်။

ဆီးကျောက်အတွက် ကိုယ်တိုင်စောင့်ရှောက်နည်း

ရေများများသောက်ပါ။ တနေ့မှာ ရေ အရည် ၈ အောင်စဝင်ခွက်နဲ့ ၁၂ ခွက်ကုန်အောင်သောက်ပါ။ ဆီးသွားတိုင်း ဆီးထဲ ကျောက်ပါလာသလား ဆိုတာကို စစ်ဆေးနေပါ။ နာချိန်ကလွဲရင် လုပ်ကိုင်ဆောင်ရွက်တာ အရင်ကလို ဆက်လုပ်လို့ရပါတယ်။ ဒါမှ ကျောက် ဆီးထဲပါစေဖို့အတွက် အားပေးရာကျပါမယ်။ ဆီးကျောက်က အမျိုးမျိုးရှိလို့ အစားအသောက်မှာ တည့်တာနဲ့ မတည့်တာ ရွေးရမယ်။ မတူညီကြပါဘူး။

၁။ Calcium Oxalate Stones အောက်ဇဲလိတ်ကျောက်

အစေ့အဆံတွေ၊ မြေပဲဆံ ၊ ဟင်းနုနွယ်ရွက် ၊ဂျုံမှုံ့အပေါ်ယံလွှာတွေကို ရှောင်ပါ။

ဆား၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး၊ ဥ၊ နို့၊ လျှော့စားပါ။ ကယ်လ်စီယမ်ပါတာတွေ စားသုံးပါ။

၂။ Calcium Phosphate Stones ကယ်လ်စီယမ်ကျောက်

ဆား ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး၊ ဥ၊ နို့၊ လျှော့စားပါ။ မြေပဲ၊ ပဲ နဲ့ ပဲသီးတွေ ၊ ပဲပုပ်နဲ့ ပဲပုပ်စာတွေအပြင် အစေ့အဆံတွေကို စားနိုင်တယ်။ ကယ်လ်စီယမ်ပါအစားတွေ စားနိုင်တယ်။

၃။ Uric Acid Stones ယူရစ်အက်စစ်ကျောက်

အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး၊ ဥ၊ နို့၊ လျှော့စားပါ။ မြေပဲ၊ ပဲ၊ ပဲသီး၊ ပဲပုပ်၊ ပဲပုပ်စာတွေ၊နေကြာစေ့ ၊ အစေ့အဆံတွေကို စားနိုင်တယ်။

ကိုယ်အလေးချိန်များတဲ့သူများ လျှော့ချဖို့လိုအပ်ပါတယ်။

၄။ Cystine Stones ဆစ်စတင်းကျောက်

ရေနဲ့ အရည် များများသောက်ပါ။