မျက်နှာပေါ်ကအရေးကြောင်းတွေကို သဘာဝနည်းလမ်းနဲ့ ဖယ်ရှားလို့ရပါတယ်။ ဈေးနှုန်းချိုသာပြီး မိမိအိမ်မှာလည်း အလွယ်တကူပြုလုပ်လို့ရသလို အသားအရေမရွေးသင့်တော်လို့ ဒီနည်းလမ်းကို မျှဝေလိုက်ပါတယ်။

အိပ်ယာမဝင်တိုင်း မျက်နှာသစ်ပါ။ ပြီးတော့ ဒီနည်းလမ်းကို နေ့တိုင်းလုပ်ပေးပါ။

ပါဝင်ပစ္စည်း

ဒိန်ချဉ် ခွက်တစ်ဝက်

သံပုယိုသီး အရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို သေချာရောမွှေပြီး မျက်နှာပေါ်မှာ မိနစ် ၃၀ လောက်လိမ်းပေးရမှာပါ။ ပြီးရင် မျက်နှာသစ်ချလိုက်ပါ။ (ဆပ်ပြာမသုံးပါနဲ့) ကွဲပြားခြားနားမှုကို သင်ကိုယ်တိုင် လက်တွေ့ခံရစားရပါလိမ့်မယ်။

ဆံပင်အဆီပြန်ခြင်း

ဒီနည်းလမ်းလေးကိုလည်း အဆီပြန်တတ်တဲ့ ဆံပင်အမျိုးအစားတွေအတွက် အသုံးပြုလို့ရပါတယ်။ ဆံသားပျက်ဆီးခြင်း ဆံပင်ကျွတ်ခြင်း ကိုကာကွယ်ပေးပြီး ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။

ဒိန်ချဉ်နဲ့ သံပုယိုရည်ကိုရောပြီး ဦးရေးပြားပေါ်မှာ လိမ်းပေးကာ ငြင်သာစွာ နှိပ်နှယ်ပေးပါ။ သင်တစ်ခါမှ မမြင်ဖူးတဲ့ ရလဒ်ကောင်းကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

Source: healthyadvicepro.com